ကူကီးလက်နက်ကိုင်အဖွဲ့ဝင် ၇ ဦးကို လက်နက်၊ ခဲယမ်းတွေနဲ့အတူ ဖမ်းမိ

မြန်မာနိုင်ငံက အကြမ်းဖက်သမား ၂ ဦးပါဝင်တဲ့ ကူကီးလက်နက်ကိုင်အဖွဲ့ဝင် ၇ ဦးကို လက်နက်၊ ခဲယမ်းတွေနဲ့အတူ မဏိပူရပြည်နယ်၊ မိုးရေးမြို့ကနေ ဖမ်းဆီးရမိခဲ့တယ်လို့ အိန္ဒိယရဲတပ်ဖွဲ့က နိုဝင်ဘာ ၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ မိုရေးမြို့မှာ ရဲအရာရှိတစ်ဦး လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် အိန္ဒိယအထူးတပ်ဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့တွေဟာ မိုးရေးမြို့အတွင်း ပူးပေါင်း စုံစမ်းရှာဖွေမှုတွေ လုပ်ဆောင်ခဲ့ရာကနေ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးရရှိသူတွေက United Kuki Liberation Front လက်နက် ကိုင်အဖွဲ့က အဖွဲ့ဝင်တွေဖြစ်ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး သူတို့ဆီကနေ ယမ်းမှုန့် ၁၀ ဂရမ်၊ တရုတ်နိုင်ငံထုတ် လက်လုပ်ဗုံးတစ်လုံး၊ သေနတ်ကျည်ဆံ ၁၀၂ တောင့်၊ ပေါက်ကွဲစေတတ်တဲ့ပစ္စည်း ၂ ဒသမ ၅၂၅ ဂရမ်၊ ကျည်ကာအင်္ကျီတစ်ထည် အပါအဝင် အခြားပေါက်ကွဲစေသောပစ္စည်းတွေလည်းပါဝင်တယ်လို့ သိရပါတယ်။

CRD;