ကန့်ဘလူမြို့နယ်၊ ပေါက်ကုန်းကျေးရွာအား PDF အကြမ်းဖက်များက ပြည်သူများအား သတ်ဖြတ်ပြီး ကျေးရွာအားမီးရှို့ဖျက်စီး

-စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပေါက်ကုန်းကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား ၁၀၀ဦးခန့်သည် ၂၀၂၃ခုနှစ် မတ်လ ၃၀ရက်နေ့ ည၁၀နာရီ အချိန်တွင် တုန်ဖုန်းအမျိုးအစား မော်တော်ယာဉ် ၂စီး၊ ဆိုင်ကယ် ၂စီးတို့ဖြင့် ရွာ၏အနောက်တောင်ဘက်မှ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်လာကာ ကျေးရွာအတွင်းရှိ လူနေအိမ်များအား လူမဆန်စွာ မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၆၂လုံးခန့်၊ မီးလောင်ပျက်စီးခဲ့ကြောင်းသိရှိရပါသည်။

-အဆိုပါကျေးရွာသည် ဒေသအတွင်း အေးချမ်းစွာဖြင့် လုပ်ကိုင်နေထိုင်ကြသည့် ကျေးရွာ ဖြစ်ကြောင်းလည်း သိရှိရပါသည်။

-PDF အမည်ခံ အကြမ်းဖက်အဖွဲ့သမားများသည် ကျေးရွာနေပြည်သူများသည် အကြမ်းဖက်အဖွဲ့များအား ထောက်ခံမှု မရှိသောကြောင့် ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်၊ ကြောက်ရွံ့ထိတ်လန့်မှု၊ ရက်စက်စွာသတ်ဖြတ်မှုနှင့် အကြောက် တရားများ ဖြစ်ပေါ်စေရန် ကျေးရွာနေပြည်သူ အမျိုးသား ၂ဦး၊ အမျိုးသမီး ၁ဦး၊ပေါင်း ၃ဦး တို့အား ကျေးရွာအတွင်း လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်းနှင့် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၃ဦး ပေါင်း ၆ဦး တို့အားလည်း မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရှိရပါသည်။

လုံခြုံရေးအဖွဲ့များမှ သွားရောက်ရှင်လင်းစဉ် PDFအမည်ခံ အကြမ်းဖက်အဖွဲ့များသည် ထွက်ပြေးဆုတ်ခွာသွားခဲ့ကြောင်း သိရှိရပါသည်။

၎င်းအကြမ်းဖက်အဖွဲ့များ၏ ယုတ်မာရက်စက်မှုကြောင့် ကျေးရွာနေပြည်သူများ ထွက်ပြေး တိမ်းရှောင်လျက်ရှိပါသည်။ ကန့်ဘလူမြို့နယ်၊ ပေါက်ကုန်းကျေးရွာ၌ အိမ်ခြေ ၂၀၂လုံး၊ အိမ်ထောင်စု ၂၀၅စု၊ လူဦးရေး ကျား ၃၇၄ဦး၊ မ ၅၂၆ဦး၊ စုစုပေါင်း ၉၀၀ဦး နေထိုင်လျက်ရှိပါတယ်။

အကြမ်းဖက်သမားများ အနေဖြင့် ယခုကဲ့သို့ စစ်ရေးနှင့်သက်ဆိုင်သော ပစ်မှတ်များ မဟုတ်ဘဲ အများပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းသည် စစ်ရေးရည်ရွယ်ချက်အတွက် အသုံးပြုထားခြင်း မရှိသော စစ်ဘက်ပစ်မှတ်မဟုတ်သည့် လူနေအိမ်များအား ရည်ရွယ်ချက်ရှိစွာဖြင့် မီးရှို့ဖျက်ဆီးခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု ကျူးလွန်ရာရောက်ပြီး အဆိုပါ ရာဇဝတ်မှုများအတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ရာဇသတ်ကြီးနှင့် သက်ဆိုင်ရာတည်ဆဲဥပဒေများဖြင့် ၎င်းတို့အပေါ် ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။