ကုသိုလ်များမှ စိတ်အေးရ

ကုသိုလ်အလုပ်ဟာ မရှုံးပါ
အမြတ်ကျန်၍ ချမ်းသာသည် ။

အကုသိုလ်အလုပ်ဟာ မမြတ်ပါ
နောင်တရကာ ဆင်းရဲမည် ။

လောကမှာ ဘယ်စီးပွားရေးအလုပ်က
ဘယ်လောက် မြတ်တာပါလို့
ပြောပင် ပြောငြားသော်လည်းပဲ

ကုသိုလ်အလုပ်လောက်တော့
အာမခံချက်အပြည့်၀မရှိနိုင်ပါဘူး ။

လက်ရှိအလုပ်က မြတ်တာတွေဟာ
မမြဲခြင်းနဲ့ ဆက်ဆံနေတဲ့အတွက်

အရှုံး ပြန်ဖြစ်သွားပြီးတော့
ကိုယ့်ဘ၀ကိုတုန်လှုပ်သွားစေနိုင်တယ် ။

ကုသိုလ်ဆိုတဲ့အရာဟာ
လူသားတွေ အဆင်ပြေ လမ်းသာဖို့ရာ
အဓိက ဦးစားပေး ဆောင်ရွက်ပါတယ် ။

တစ်ဘ၀ထဲ ကုန်သွားတာမျိုး
နေထားခဲ့မှာမျိုး သူ့မှာလုံး၀မရှိပါဘူး ။

ဘယ်ဘ၀ပဲ ရောက်ရောက်
ကိုယ့်နောက်မှာ အမြဲကပ်နေမှာပါ ။

တစ်ဘ၀ထဲ သုံးရမှာ မဟုတ်လို့
များများရှိထားအောင်ကြိုးစားပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏