ကာလဒါနဟူသည်

ကာလဒါနဟူသည်
“အချိန်အခါသင့်စွာ
ပေးလှူအပ်သောအလှူ”ဖြစ်သည်။
မြတ်စွာဘုရားရှင်သည် အင်္ဂုတ္တိုရ်ပါဠိတော်
ပဉ္စကနိပါတ် ၊ သုမနဝဂ် ၊ ကာလဒါနသုတ်၌
အချိန်အခါနှင့်လျော်စွာ ပေးလှူအပ်သော
ဒါနသည် ငါးမျိုးရှိသည်ဟု မိန့်တော်မူ၏ ..။
“ရဟန်းတို့ ..?
ကာလဒါနတို့သည် ငါးမျိုးတို့တည်း။
။ ဧည့်သည် အာဂန္တုအား ပေးလှူခြင်း ၊
၂။ ခရီးသည်အား ပေးလှူခြင်း ၊
၃။ လူနာအား ပေးလှူခြင်း ၊
၄။ ငတ်မွတ်ခေါင်းပါးသောအခါ၌ ပေးလှူခြင်း ၊
၅။ ကောက်ဦး,သစ်သီးဦးတို့ကို သီလရှိသူတို့အား
ရှေးဦးစွာ ပေးလှူခြင်းတို့တည်းဟု ဤသို့
မိန့်တော်မူ၏ ။
“ကာလဒါနသည် ..
ထူးခြားသော အကျိုးများရှိသည်”။
<> ပြန့်ပြောခြင်းအကျိုး ။
<> ကြီးမြတ်ခြင်းအကျိုး ။
<> တမလွန်အတွက် ဆောက်တည်ခြင်းအကျိုး
တို့နှင့် ပြည့်စုံ၏ ..။
ထိုကာလဒါန အလှူတို့ကို
ဝိုင်းဝန်း၍ ဆောင်ရွက်ကြသော
“ဝေယျာဝစ္စ”ပြုသူ တို့သည်လည်း
ကာလဒါန ကုသိုလြ၏
အဖို့အစုကို ရကြသည်ဟု မိန့်တော်မူပါတယ် ..။
(အံ.၂.၃၅)

“ကာလဒါန”အလှူရှင်၏
အကျိုးထူး တရားသည်
အဘယ်သို့နည်း …?
လိုအပ်တဲ့သူကို အချိန်ခါသင့်စွာ
အလိုက်သိ စေတနာနဲ့ ပေးလှူခြင်းတို့ကြောင့်
ဘဝသံသရာ ခရီးတစ်လျှောက်လုံး
နိဗ္ဗာန်တိုင်အောင် အလိုက်သိသိနဲ့
လိုအပ်တဲ့အခါ လိုအပ်တာကိုပေးတဲ့
အကျိုးထူးတရားတွေပါ ..။
ပထမအရွယ် ငယ်ရွယ်စဉ် အခါမှာလည်း
ချမ်းချမ်းသာသာ ပြည့်ပြည့်စုံစုံနဲ့နေရပါတယ်။
ဒုတိယအရွယ် နုပျိုစဉ် အရွယ်ကောင်းမှာလည်း
ချမ်းချမ်းသာသာ ပြည့်ပြည့်စုံစုံနဲ့နေရပါတယ်။
ပညာသင်တဲ့အချိန်မှာ ပညာသင်လို့ အဆင်ပြေအောင်
ပြည့်ပြည့်စုံစုံလေး အကျိုးပေးပါတယ်။
စီးပွားရှာတဲ့ အချိန်မှာလည်း စီးပွားဥစ္စာ
ရှာရဖွေရလွယ်အောင် အဆင်ပြေအောင်
ပြည့်စုံအောင် အကျိုးပေးပါတယ် ..။
တတိယအရွယ် အသက်ကြီးအိုမင်းတဲ့အခါမှာလည်း
ချမ်းချမ်းသာသာ ပြည့်ပြည့်စုံစုံနဲ့နေရပါတယ်။ နောက်ဆုံး တရားရှာရမဲ့ အချိန်မှာတောင်
တရားအလုပ် လုပ်လို့ အဆင်ပြေအောင်
အလိုက်သိသိ အဆင်ပြေပြေရှိအောင်
အကျိုးပေးပါတယ် ..။
“အတ္ထာ ပစုရာ ဟောန္တိ”တဲ့
ကာဒါန အလှူရှင်သည်…?
အလိုရှိသောအခါ လိုတိုင်း ရ ၊
တတိုင်း ပြည့် အကျိုးများလည်း ရပါတယ် ။
ပေါပေါ များများလည်း ရသညဟု
မြတ်စွာဘုရားဟောတော်မူသည် .. ။
(အံ၊၂ ။ ၁၅၂ )