ကရင်နီနယ်မှာ အကြမ်းဖက်တွေကို ရှယ်ပလန်နဲ့ ဆော်နေပြီ

ဖားဆောင်မြို့တွင် လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် တပ်မတော်စစ်ကြောင်းအား အကြမ်းဖက် KNPP,KNDF,PDF ပူးပေါင်းအဖွဲ့များမှ ဧပြီလ ၂၃ ရက်နေ့တွင် လာရောက်ချောင်းမြောင်းတိုက်ခိုက်သဖြင့် တပ်မတော်မှ ပြန်လည်ပစ်ခတ်ချေမှုန်းခဲ့ရာ တပ်မတော်ဘက်မှ ထိခိုက်မှုမရှိကြောင်းသိရပြီး ရန်သူ့ထံမှ အောက်ပါအတိုင်းသိမ်းဆည်းရမိခဲ့-

(က) အကြမ်းဖက် အလောင်း(၁)လောင်း။
(ခ) လက်နက်ငယ်(၁)လက်။
(ဂ) ကျည်အိမ်(၁)ခု။
(ဃ)ကျည် (၈)တောင့် တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရ။