ပေါက်မြို့နယ်၊ ထန်ပေါက်ကုန်းကျေးရွာရှိ စာသင်ကျောင်းအတွင်းမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ပေါက်မြို့နယ်၊

ထန်ပေါက်ကုန်းကျေးရွာတွင် အများပြည်သူများ အေးချမ်းစွာ နေထိုင်ရေးအတွက်

နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များသည်

ကလေးများစာမသင်ကြားနိုင်အောင် PDF အကြမ်းဖက်သမားများမှ ခြိမ်းခြောက်၍

၎င်းအကြမ်းဖက်သမားများယာယီ အခြေချနေထိုင်ခဲ့သော စာသင်ကျောင်းအတွင်းမှ

  • လက်လုပ်စိန်ပြောင်း ၁ လက်
  • လက်လုပ်မိုင်း ၂၈ လုံး
  • ဘတ္ထရီအိုး အသေး ၈ လုံး
  • ဝါယာကြိုး ၁ ခွေ တို့အား သိမ်းဆည်းရမိခဲ့ကြောင်းသိရှိရပါသည်။
    အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့ သတ်ဖြတ်နေသည့် PDF အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းများအား လုံခြုံရေးအဖွဲ့များက မီးရှိဖျက်ဆီးခဲ့ကြောင်း သိရှိရပါသည်။