ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို ပိုလန် ဒိုင်လူကြီးဆိုင်မွန် မာစီနီယက် ကိုင်တွယ်မည်

တနင်္ဂနွေနေ့မှာ ပြင်သစ် နဲ့ အာဂျင်တီးနားတို့ ကစားကြမယ့် ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို ပိုလန် ဒိုင်လူကြီး ဆိုင်မွန် မာစီနီယက် ကိုင်တွယ်မှာဖြစ်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲချုပ် ဖီဖာက ပြောကြားပါတယ်။

အသက် ၄၁ နှစ် အရွယ် ပိုလန် ဒိုင်လူကြီး က ကာတာ ကမ္ဘာ့ဖလားမှာပဲ အာဂျင်တီးနား နဲ့ ပြင်သစ်တို ပါဝင်တဲ့ ပွဲ နှစ်ပွဲကို ကိုင်တွယ်ပြီး ဖြစ်ကာ အာဂျင်တီးနား က ဩစတြေးလျ ကို အနိုင်ရရှိခဲ့တဲ့ ၁၆ သင်း အဆင့်ပွဲစဉ်နဲ့ ပြင်သစ် က ဒိန်းမတ်ကို အနိုင်ရခဲ့တဲ့ အုပ်စုတွင်း ပွဲစဉ်တွေပဲ ဖြစ်ပါတယ်။

မာစီနီယက် ကို သူနဲ့ တစ်နိုင်ငံတည်းသားတွေ ဖြစ်တဲ့ ပါဝဲလ်ဆိုကိုနစ်ကီ နဲ့ သောမတ်ဇ်လစ်ကီဝှစ် တို့က စည်းကျပ်ဒိုင်တွေ အဖြစ် အတူပါဝင် ကြီးကြပ်ပေးသွားမှာဖြစ်ပါတယ်။

ဒီ ဒိုင်လူကြီး သုံးဦးစလုံး က ယူ-၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲ နဲ့ ယူရို ၂၀၁၆ ပြိုင်ပွဲ တွေမှာလည်း တာဝန်ထမ်းဆောင်ခဲ့ကြပါတယ်။