၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများအား ဇွန် ၉ ရက်၌ထုတ်ပြန်မည်

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၏ အောင်စာရင်းများအား တိုင်းနှင့်ပြည်နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းများတွင် ဇွန်လ ၉ ရက် နံနက် ၆ နာရီမှစတင်၍ တစ်ချိန်တည်းကပ်ထားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ယင်းနေ့နံနက် ၄ နာရီတွင်လည်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ Website စာမျက်နှာဖြစ်သည့် www.myanmarexam.org တွင်လည်း အောင်စာရင်းများအား ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရပါတယ်။