ဘာကာကို မက်ဆီဘာလို့ ပြန်မလာခဲ့တာလဲ?

လီယွန်နယ်မက်ဆီကတော့ ဘက်ခမ်းပိုင်တဲ့အမေရိကန်ကလပ် အင်တာမီယာမီကို ပြောင်းရွှေ့သွားခဲ့ပါပြီ။ နူးကမ့်ပ်ကို ဒီနွေမှာ သူပြန်မလာတော့တာ သေချာပါပြီ။

တစ်နှစ်လုပ်ခငွေ ယူရိုသန်း၄၀၀နဲ့ ဆော်ဒီကလပ် Al Hilal ရဲ့ကမ်းလှမ်းချက်၊ ဘာစီလိုနာဆီပြန်လာနိုင်မယ့်အခွင့်အရေးနဲ့ အခြားဥရောပအသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းပယ်ပြီး အမေရိကန်မြေကို အာဂျင်တီးနားကပ္ပတိန်ကြီးဟာ ရွေးချယ်သွားခဲ့တာပါ။

ဘာစီလိုနာကို ပြန်မလာခဲ့တဲ့အကြောင်းရင်းနဲ့ ပတ်သက်ပြီး မက်ဆီက ခုလိုပြန်ပြောပြလာခဲ့ပါတယ်။

“ဒီနှစ်တွေအတွင်း ကျွန်တော် ဘာကာကို အားပေးနေခဲ့တာပါ။ ကျွန်တော်ပရိသတ်တစ်ယောက်ပါ။ ကျွန်တော် ဇာဗီနဲ့လည်း စကားတွေအများကြီးပြောခဲ့တယ်။ ကျွန်တော်တို့ ဆွေးနွေးခဲ့ကြတယ်၊ အမြဲတမ်းအတွေးအမြင်တွေ ဖလှယ်ခဲ့ကြတယ်”

“ကျွန်တော် ဘာကာကို တကယ်ပြန်လာခဲ့ချင်ပါတယ်။ ကျွန်တော့်မှာ ဒီအိပ်မက်ရှိခဲ့ပါဝယမ။ ဒါပေမယ့် ပြီးခဲ့တဲ့၂နှစ်အလိုက ဖြစ်ခဲ့တဲ့ကိစ္စကြောင့် ဒီလိုအဖြစ်မျိူးထပ်မဖြစ်ချင်ခဲ့ဘူး။ ကျွန်တော့်ရဲ့အနာဂတ်ကို အခြားတစ်ယောက်ရဲ့ လက်ထဲမှာ မထည့်ထားချင်ဘူး။ ကျွန်တော့်အတွက်၊ မိသားစုအတွက်တွေးပြီး ကျွန်တော့်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ချခဲ့တာပါ။”

” လာလီဂါက ဘာစီလိုနာကို မီးစိမ်းပြလိုက်ပြီဆိုတဲ့ သတင်းတွေကြားပါတယ်။ ဒါပေမယ့် အမှန်တရားကတော့ ဘာကာဆီ ကျွန်တော်ပြန်လာနိုင်ဖို့ လုပ်စရာတွေ အများကြီးကျန်နေပါသေးတယ်။ အသင်းရဲ့ ကစားသမားတွေရောင်းချခံရဖို့ ၊ လစာတွေအဖြတ်ခံရတွေက ကျွန်တော့်ကြောင့်ဆိုတာမျိုးမဖြစ်စေချင်ပါဘူး။

“ပိုက်ဆံကြောင့် အဆင်မပြေဖြစ်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်နဲ့ဘာကာ စာချုပ်အတွက်တောင် မဆွေးနွေးခဲ့ဘူး။ သူတို့ ကျွန်တော့်ကို ကမ်းလှမ်းခဲ့ပေမယ့် တရား၀င်မဟုတ်ခဲ့ဘူး။ စာတွေရေးပြီး လက်မှတ်ထိုးထားတဲ့ ကမ်းလှမ်းချက်မဟုတ်ခဲ့ဘူး”

“ကျွန်တော်တို့ ကျွန်တော်ရဲ့လစာငွေနဲ့ပတ်သက်ပြီး ဆွေးတောင်မဆွေးနွေးခဲ့ပါဘူး။ ပိုက်ဆံကြောင့် မဟုတ်ပါဘူး။ ပိုက်ဆံကြောင့်သာဆိုရင် ဆော်ဒီကိုသွားမှာပေါ့ဗျာ”

” ဘာစီလိုနာအနေနဲ့ ကျွန်တော့်ကို ပြန်ခေါ်နိုင်ဖို့အရာအားလုံးလုပ်ခဲ့ရဲ့လားဆိုတာ ကျွန်တော်မသေချာပါဘူး။ အမှန်အတိုင်း၀န်ခံရရင် ဇာဗီပြောတာတွေပဲ ကျွန်တော်သိခဲ့ရတာလေ”

“အသင်းမှာ ကျွန်တော့်ကို ပြန်မလာစေချင်တဲ့သူတွေ ရှိနေ‌တယ်ဆိုတာ သေချာပါတယိ။ ဒါကအသင်းအတွက် အပျက်သဘောဆောင်တာပါပဲ။ ကျွန်တော် ဘာစီလိုနာနဲ့နီးစပ်ချင်ပါတယ်။ ဘာစီလိုနာမှာ ကျွန်တော်ထပ်နေဦးမှာပါ။ ကျွန်တော်ဆုံးဖြတ်ချက်ချပြီးပါပြီ။”

“တစ်နေ့မှာ အသင်းကို ကျွန်တော်ကူညီချင်ပါသေးတယ်။ ဒါက ကျွန်တော်ချစ်တဲ့အသင်းပါ။ ဘာစီလိုနာပရိသတ်တွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ တစ်နေ့ ကျွန်တောမသေချာပေါက်ပြန်လာခဲ့ပါမယ်”

credit ;MFOA