ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဂျာမနီနိုင်ငံဝန်ကြီးချုပ် Scholz သည် ပဋိပက္ခတွင် ပါဝင်ပတ်သက်မှုအန္တရာယ်ကို ရှောင်ရှားရန်အတွက် ယူကရိန်းသို့ Taurus ခရုစ်ဒုံးကျည် ထောက်ပံ့ရန် ပြတ်သားစွာ ငြင်းပယ်ခဲ့တယ်လို့သိရပါတယ်။
ယမန်နှစ် အောက်တိုဘာလက Scholz သည် လက်ရှိအချိန်တွင် ယူကရိန်းသို့ Taurus ခရုစ်ဒုံးကျည် ထောက်ပံ့ပေးမည်မဟုတ်ကြောင်း၊ ၄င်းဒုံးကျည်သည် တာဝေးပစ် ဒုံးကျည်ဖြစ်ပြီး ရုရှားပြည်တွင်းပစ်မှတ်များကို တိုက်ခိုက်ရန် အသုံးပြုဖွယ်ရာရှိခြင်းကြောင့် ဂျာမနီအစိုးရအနေဖြင့် စိုးရိမ်မှု ရှိကြောင်း ပြောကြားခဲ့တယ်လို့သိရပါတယ်။ #Crd
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2024/02/photo_2024-02-28_10-02-02.jpg?resize=640%2C427&ssl=1)
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2024/02/photo_2024-02-28_10-02-01-2.jpg?resize=640%2C358&ssl=1)
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2024/02/photo_2024-02-28_10-02-01-3.jpg?resize=639%2C430&ssl=1)
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2024/02/photo_2024-02-28_10-02-01.jpg?resize=637%2C436&ssl=1)