ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် ကော်ဖီသောက်ပြီး ဘုန်းကြီးတပါးအပါအ၀င် လူ ၅ဦး သတိလစ်မေ့မျောသွားခဲ့ကြောင်း ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းမှ သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇ ရက် ၇ နာရီအချိန်ခန့်က တာချီလိတ်မြို့၊ ကျောက်တောင်ရပ်၊ နတ်မောက်ရွှေသဌေးကုန်း
ကျောင်းတိုက်တွင် ကော်ဖီသောက်ပြီး ခဏအကြာတွင် ဘုန်းကြီးတပါးနှင့် လူ ၄ဦး သတိလစ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2022/10/viber_image_2022-10-17_13-14-01-682.jpg?resize=235%2C176&ssl=1)
ကောဖီသောက်ပြီး သတိလစ်သွားသူများမှာ အဆိုပါ ကျောင်းတိုက်မှ ဆရာတော် ဥူးကေလာသ သက်တော်(၅၄)နှစ်၊ ဦးပြုံးမောင် အသက်(၅၃)နှစ်၊ကိုနှင်းသန့်အောင် အသက်(၃၂)နှစ်၊ ကိုရဲကိုမျိုး (၁၉)နှစ်၊ကိုထိန်လင်ဦး အသက်(၂၇)နှစ်တို့ဖြစ်ပြီး ၎င်းတို့၅ဦးကို ဆေးဝါးကုသမှုခံယူရန်အတွက် ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းမှ တာချီလိတ် ပြည်သူ့ဆေးရုံးကြီးသို့ပို့ဆောင်ပေးခဲ့။
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2022/10/viber_image_2022-10-17_13-14-04-296.jpg?resize=640%2C480&ssl=1)
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2022/10/viber_image_2022-10-17_13-14-04-029.jpg?resize=640%2C480&ssl=1)