ပုလဲနဂါးအဖွဲ့က ပုလဲ ပအဖ ဇော်ထက်အဖွဲ့ကို ၁ ရက်ခြား ၁ ယောက်နှုန်းနဲ့ရှင်းနေ

စစ်ကိုင်းတိုင်းဒေသကြီး ၊ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာ၏ ကျေးရွာ ပကဖ ဒုခေါင်းဆောင် ကိုသက်ဆိုသူကို ဩဂုတ်လ ၉ ရက်နေ့က နေအိမ်တွင်ရှိ‌နေစဉ် အနက်ရောင်အဝတ်စားများ ဝတ်ဆင်ထားသော လက်နက်ကိုင် ၂ ဦး ရောက်ရှိလာပြီး သေနတ်ဖြင့် ၃ ချက်တိတိပစ်သွားကြောင်း မြေပြင်သတင်းများအရ သိရပါသည်။
လူသတ်သမား ၂ ဦးသည် ကိုသက်နေထိုင်သည့်ရွာ၏အရှေ့တည့်တည့်ရှိ ရွာကို ဦးတည်၍ ပြန်လည်ထွက်သွားကြောင်း မျက်မြင်တစ်ဦး၏ထုတ်ဖော်ပြောဆိုသံလည်း ကြားသိရပြီး ပအဖ ဇော်ထက်ဦးဆောင်သော အဖွဲ့က သတ်သလို နဂါးနှင့်အဖွဲ့က စွပ်စွဲပြောဆိုသံများလည်းကြားသိရသလိုအပြန်အလှန်စွပ်စွဲ ပြောဆိုသံများလည်း ကြားသိနေရပါတယ်။

ဇော်ထက်လက်အောက်က ရပ်ကျေးပကဖ ၁ဦးကို ဇော်ထက်အဖွဲ့က သတ်တာဖြစ်နိုင်ခြေရှိသလား။
၎င်းလူသတ်မှုကို နဂါးရဲ့MRDAအဖွဲ့က နဂါးကိုယ်တိုင်က မဟုတ်ဘူးလို့ ငြင်းဆိုထားတဲ့အကြောင်းပြချက်ကကော ရုပ်တိရှိပါသလား။ လူသတ်တရားခံတွေဝင်သွားတဲ့ရွာကို နဂါးကိုယ်တိုင်သွားတယ် ။အဲဒီရွာမှာ ဇော်ထက်အဖွဲ့ရှ်ိနေလို့ နဂါးလှည့်ပြန်လာတယ်။ ပြန်လှည့်ရတဲ့ အကြောင်းကို နဂါးရှင်းပြတာက ဇော်ထက်အဖွဲ့နဲ့ နဂါးအဖွဲ့ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်မှာစိုးလို့ ၎င်းလူသတ်မှုဖြစ်စဉ် တရားခံစုံစမ်းရေးတွင် အသတ်ခံရသည့်ရွာကို နဂါးကိုယ်တိုင် ရောက်ရှ်ိသွားပြီး လူသတ်တရားခံကို ခြေရာခံလိုစိတ် ရည်ရွယ်ချက်ဖြင့် နဂါးက ရောက်ရှိကြောင်း ဖွင့်ပြောထားသည်ကို နဂါး၏ ရုပ်သံတွင်ပြောဆိုထားပါတယ်။ အဆိုပါပုလဲနယ်တွင် လူမသိသူမသိလူသတ်မှု ရာချီရှိကြောင်းလည်း နဂါးက ထုတ်ဖော်ပြောဆိုထားပြန်ပါတယ်။