နောက်ဆုံးမှာတော့ တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တဲ့ မန်ယူ

စျေးကွက်အတွင်း တိုက်စစ်ပိုင်း အင်အားဖြည့်တင်းဖို့ လုပ်ဆောင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ခုတော့ နယ်သာလန်တိုက်စစ်မှူး Wout Weghorst ကို အငှားနဲ့ ခေါ်ယူဖို့ ဘန်လေအသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။ Wout Weghorstဟာ ဘန်လေကနေ ဘက်စီးတက်စ်အသင်းကို အငှားနဲ့ ပြောင်းရွှေ့ကစားနေသူ ဖြစ်တာကြောင့် ဒီအပြောင်းအရွှေ့ကို အပြီးသတ်ဖို့ ဘန်လေနဲ့ ဘက်စီးတက်စ်တို့ကြား စာချုပ်ဖျက်သိမ်းဖို့ကိုပဲ မန်ယူတို့ စောင့်ဆိုင်းနေရတာ ဖြစ်ပါတယ်။

ဟော်လာလို တိုက်စစ်မှူးမျိုးကို စင်ပေါ်တင်ပေးနိုင်ခဲ့တဲ့ တန်ဟဂ်တစ်ယောက် Wout Weghorst ကိုရော ဘယ်လောက်ထိ ဆွဲတင်ပေးနိုင်မလဲ စောင့်ကြည့်ရတော့မှာပါ..။

crd;gs