ဒလမြို့နယ်မှာ ရေဘေးသင့်ပြည်သူများအား ကူညီ

စက်တင်ဘာလ ၂၀ရက်နေ့ ညနေ ၅နာရီချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး ၊ဒလမြို့နယ် ၊ဆာဖါချောင်ကျောင်းစုရပ်ကွက် ၊မေတ္တာသုခလမ်း၊ကျောင်းစုသမ္ဗာန်ဆိပ်အနီးတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားပြီး ကမ်းပါးအနီးရှိ ဝါးဓနိ ထရံကာ နေအိမ် ၆လုံး ပြိုကျပျက်စီးခဲ့၍ နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာများနှင့် ပရဟိတအဖွဲ့ဝင်များမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကာ ကမ်းပါးအနီးတွင်နေထိုင်သည့် မိသားစုဝင်များအား တာကြီးရပ်ကွက်ရှိ ဘုန်းကြီး‌ကျောင်းနှင့် ကျန်စစ်သားရပ်ကွက်ရှိ အောင်တော်မူဘုန်းကြီးကျောင်းတို့၌ ပြောင်းရွှေ့နေရာချထားမှုများ ဆောင်ရွက်‌ပေးခဲ့ကြောင်းသိရှိရါတယ်။