တာ​မွေ ဦးချစ်​မောင်အိမ်ယာတွင် မီး​လောင်မှုဖြစ်ပွား

ယနေ့ဒီဇင်ဘာ ၉ ရက်၊ မွန်းလွဲ ၂ နာရီ မိနစ် ၂၀ အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ဦးချစ်မောင်လမ်း AGD bank ဘေးချင်းကပ်မှ Real Life Advertising ကုမ္ပဏီအဆောက်အဦးတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် တာမွေမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၄)စီး ထွက်ခွာလျက်ရှိပြီး မွန်းလွဲ ၂ နာရီခွဲ အချိန်တွင် Level 1 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်လျက်ရှိတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ လက်ရှိမှာ​တော့ မီးငြှိမ်းသတ်​ရေးလုပ်ငန်း​တွေနဲ့ ရှာ​ဖွေ ကယ်ဆယ်​ရေးလုပ်ငန်း​တွေကို ​မီးသတ်တပ်ဖွဲ့က ဆောင်ရွက်လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။