တက္ကစီအဖြစ်သုံးလို့ရတဲ့ လျှပ်စစ်ကားတစ်စီးကို ကျပ်သိန်း ၆၇၉ နဲ့ ရောင်းချနေ

တက္ကစီအဖြစ်သုံးလို့ရတဲ့ လျှပ်စစ်ကားတစ်စီးကို ကျပ်သိန်း ၆၇၉ သိန်း(အပြီးအစီး)နဲ့ Prime Big Boss Co.,Ltd ကနေ ရောင်းချပေးသွားမယ်လို့ ကားလုပ်ငန်းရှင် ကိုကြည်သာဟန်က ပြောပါတယ်။

ကိုကြည်သာဟန်က “EV ကားများကိုအငှါးယာဉ် Taxi အဖြစ်အသုံးပြုလိုသူများအတွက် Taxi နံပါတ်အနီအဖြစ်ရရှိမည့် (BYD ထုတ်လုပ်ထားတဲ့) EV ကားအမျိုးအစားဖြစ်တဲ့ E2 ကားလေးကိုမိတ်ဆက်ပေးလိုက်ပါတယ်။ Brand New BYD E2 (GLX Grade) – ၆၇၉ သိန်း(အပြီးအစီး)ပါ” လို့ ပြောပါတယ်။

Prime Big Boss Co.,Ltd ရဲ့ဖုန်းနံပါတ်09944988000၊ 09944988555၊ 09944988777 တို့မှာ အော်ဒါ တင်နိုင်တယ်လို့လည်း ကိုကြည်သာဟန်က ပြောပါတယ်။

ယင်းက “အရေအတွက်အကန့်အသတ်ရှိပါသဖြင့် ဦးရာလူစနစ်အတိုင်းသာ အော်ဒါလက်ခံ ပေးပါမယ်”လို့လည်း ထပ်မံပြောပါတယ်။

ပြည်တွင်း မှာတော့ လျှပ်စစ်ကား EV တင်သွင်းမှုဟာ ပြည်တွင်းကားဈေးကွက်အပေါ် သက်ရောက်မှုရှိမရှိ အငြင်းပွားမှုများရှိခဲ့သလို ကားကုမ္ပဏီအချို့ကလည်း လျှပ်စစ်ကားကို pre order ကြိုတင်အော်ဒါအနေနဲ့ ကြေညာရောင်း ချနေတာတွေလည်းရှိနေပါတယ်။

ကားဝယ်ရောင်းလုပ်ငန်းရှင်တစ်ဦးက “Taxi Grade မို့လို့ တက်စီလုပ်ငန်းလိုင်စင် နဲ့ပဲ တင်သွင်းခွင့်ပြုတာက ထားပါ။သိန်း ၆၀၀ ရာကျော်နဲ့ ကားဝယ်နိုင်တဲ့လူက Taxi မောင်းမှာမဟုတ်သလို သိန်း ၆၀၀ ရာကျော်တန်ကားကို အုံနာ‌ကြေး ယူပြီး တက္ကစီ အဖြစ်ပေးထားမှာလည်း မဟုတ်ဘူး။ မြန်မာနိုင်ငံမှာ သိန်း ၆၀၀ ရာကျော် ၇၀၀ ရာနီးပါးတန် ကားဝယ်စီးနိုင်တဲ့သူကအတော်အသင့် ချမ်းသာတဲ့ သူဌေးစာရင်းဝင်နေပြီ ။EV ကားနဲ့ တက္ကစီ ဆွဲချင်ရင် တက္ကစီလိုင်စင်နဲ့ တင်သွင်းခွင့်ပြုထားတဲ့ ..EV ကားပဲ ခွင့်ပြုတယ်၊ အနက်ရောင်လိုင်စင် EV ကားတွေ လုပ်ငန်းလိုင်စင်မ‌ပြောင်းပေးဘူးဆိုတဲ့ သဘောများလား” လို့ မှတ်ချက်ပေးထားပါတယ်။

ပြည်ပမှ တင်သွင်းသည့် လျှပ်စစ်သုံး ယာဉ် BEV အမျိုးအစားများအတွက် မြန်မာ့ အကောက်ခွန်နှုန်းစာရင်း-၂၀၂၂ တွင် သတ်မှတ်ထားသော အကောက်ခွန်နှုန်းများ ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက် ဖြင့် သုညရာခိုင်နှုန်းသို့ လျှော့ချသတ်မှတ် လိုက်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီးဌာနက ထုတ်ပြန်ထားသလို လျှပ်စစ်သုံးယာဉ်များ အသုံးပြုမှုနှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေ ရန် ပြည်ပမှ Completely Build up – CBU စနစ်၊ completely knocked down စနစ်နှင့် semi knocked down SKD စနစ်ဖြင့် တင်သွင်းသည့် အောက်ဖော် ပြပါ ဘက်ထရီမှ လျှပ်စစ်စွမ်းအင်ကို ရယူ မောင်းနှင်သည့် လျှပ်စစ်သုံးယာဉ် battery electric vehicle (BEV) အမျိုးအစားများ အတွက် မြန်မာ့အကောက်ခွန်နှုန်း စာရင်း- ၂၀၂၂ တွင် သတ်မှတ်ထားသော အကောက် ခွန်နှုန်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်နှင့်အညီ သုညရာခိုင်နှုန်းသို့ လျှော့ချလိုက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။