နေပြည်တော်၊ဒက္ခိဏသီရိမြိုနယ်ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ မာရဝိဇယဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်အတွင်း၌ အလှည့်ကျ ဆရာတော် ၅ ပါးသီတင်းသုံးတော်မူမည့် မာရဝိဇယကျောင်းတော်ကျောင်းလွှတ်ပူဇာမင်္ဂလာအခမ်းအနားအား ဇူလိုင်လ ၃၀ ရက်နံနက်ပိုင်းကကျင်းပခဲ့ပါတယ်။
အဆိုပါကျောင်းတော်အတွင်း ဘုရားခန်း၊ စာချ၊ ဝတ်ပြုခြင်းများပြုလုပ်ရန်နေရာ၊ အိပ်ခန်း များ၊ စာကြည့်တိုက်နှင့် စာဖတ်ခန်းများ၊ ဆွမ်းစားခန်း၊ သန့်စင်ခန်းများ၊ ဆွမ်းချက် ဆောင်နှင့် ကပ္ပိယဆောင်များကို စနစ်တကျဖြင့် ပြည့်စုံစွာထည့်သွင်း တည်ဆောက်ထားသဖြင့် သံဃာတော်များ သပ္ပါယမျှတစွာဖြင့် သီတင်းသုံးနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2023/07/photo_2023-07-31_08-30-26.jpg?resize=640%2C426&ssl=1)
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2023/07/photo_2023-07-31_08-30-28.jpg?resize=640%2C426&ssl=1)
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2023/07/photo_2023-07-31_08-30-30.jpg?resize=640%2C426&ssl=1)