မအိပ်ချင်သေးရင် မေတ္တာပွားနေပါ

အိပ်ချင်သေးသမျှ မေတ္တာပွားနေပါ။

တချို့က မေတ္တာပို့လေးရွတ်ပြီးရင် အိပ်လိုက်ကြတယ်။
ပြီးရော။

တွေးတဲ့အခါ လျှောက်တွေးချင် တွေးမယ်။

အမုန်းတရားတွေလည်း ဝင်ချင်ဝင်လာမယ်နော်။

“သဗ္ဗေ သတ္တာ အဝေရာ ဟောန္တု”လို့
မေတ္တာလေးပို့ပြီးတော့ အိပ်ရင်
လုံလောက်ပြီ ထင်ကြတယ်နော်။

တကယ်တမ်းက “မေတ္တာစိတ်”ဆိုတာ
ထပ်တလဲလဲ ဖြစ်နေအောင် လုပ်နေရမယ်။

ကမ္မဋ္ဌာန်းတရား အားထုတ်တာပဲ။

ဒါလည်း ထွက်လေ ၀င်လေ မှတ်နေသလိုပဲ။

မေတ္တာစိတ်ကလေး ကိုယ့်သန္တာန်မှာ
မပြတ်ဖြစ်နေအောင် လုပ်ပါလို့ ဒီလိုပြောတာ။

အဲဒါမှ ကမ္မဋ္ဌာန်း ဖြစ်မှာ။

မေတ္တာဘာဝနာ ပွားလို့ရှိရင် ဈာန်အထိ ရနိုင်တယ်။ 🙏🙏🙏

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ