နေပြည်တော်၊ ဒက္ခိဏသီရိမြိုနယ်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ကြီးသည် ကမ္ဘာပေါ်တွင်အကြီးဆုံးဖြစ်လာမည့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဖြစ်ပါတယ်။ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး စတင်ထုလုပ်ပူဇော်စဉ်ကစပြီး အနယ်နယ်အရပ်ရပ်မှ စေတနာရှင်မိဘပြည်သူများက တတ်စွမ်းသရွှေ့လှူဒန်းနေကြတာဟာဗုဒ္ဓဘာဝင်များသာမက မြန်မာပြည်သူအားလုံးကပါ သာဓုအဒုမောဒနာ ခေါ်ဆိုနေကြရတာပဲဖြစ်ပါတယ်။ လှူဒန်းပူဇော်ခြင်းဆိုတာဟာလည်း ဗုဒ္ဓဘာသာဝင်များ အနေဖြင့် အမြဲပြုလုပ်နေကြလည်း ဖြစ်ပါတယ်။ မြန်မာပြည်သူအများစုဟာလည်း ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသူများသာ ဖြစ်ပါတယ်။ ဒီလိုဗုဒ္ဓဘာသာဝင်တွေ အများစုနေထိုင်နေတဲ့ မြန်မာပြည်မှာ အနောက်အုပ်စုအလိုကျ လိုက်ပါလုပ်ဆောင်ပြီး သာသနာကိုပျောက်ကွယ်အောင်/မှေးမှန်အောင်လုပ်နေတဲ့ ခေတ်သစ် မာရ်နတ်များလည်း ရှိလို့နေပါတယ်။ ဇွန်လ ၂၉ ရက်နေ့တွင် အလှူရှင် ၁၀၁ ဦးက အလှူငွေ ၁၆၁၇၇ သန်း ကို အစိုးရနဲ့ ပူးပေါင်းပြီး သာသနာတော်ပြန့်ပွားရေးဆောင်ရွက်ခဲ့ပါတယ်။ ဒါကို ခေတ်သစ် မာရ်နတ်/ NUG/PDF တို့က ဘုရားတည်ကုသိုလ်ပြုတာကို အလှူငွေများ လှူရကောင်းလားဆိုပြီး ဝေဖန်တိုက်ခိုက်နေကြတာပါ။ တော်လှန်ရေးဆိုကာ ဘုရားသားတော်တွေကို သတ်ဖြတ်ခြင်း၊ စေတီပုထိုးများကို စစ်ရေးအကာအကွယ်ပြုလုပ်ခြင်း များကို ရည်ရွယ်ချက်ရှိရှိဆောင်ရွက်နေကြပါတယ်။ ဒီတော့ အကယ်၍များ သူတို့တွေဆီသာ အုပ်ချုပ်မှုအာဏာများ ရသွားခဲ့ရင် မြန်မာနိုင်ငံရဲ့ သာသနာတော်ကြီးဟာ မှေးမှိန်ပျောက်ကွယ်သွားမှာကို စိုးရိမ်နေရပါတယ်။ ဒီတော့ သာသနာပြုမင်းနဲ့ သာသနာတော်ကို ချစ်မြတ်နိုးသူတွေ များများပေါ်ပေါက်ပါစေကြောင်း ဆုတောင်းရင်း..
ဆက်စပ်အကြောင်းအရာများ
PDF ထောင်ထားသည့်ဗုံးပေါက်ကွဲမှုကြောင့် (၅) နှစ်ကလေးနှင့် အဖေဖြစ်သူသေဆုံး
- အေးခင်
- March 19, 2024
မတ်လ (၁၈) ရက် နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ စမ်းမြို့ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ကမ္ဘောဇဘဏ် (၂) အနီးတွင် PDF အကြမ်းဖက်အဖွဲ့များ ထောင်ထားသည့်ဗုံး ပေါက်ကွဲမှုကြောင့် […]
PDF တွေထောင်ထားတဲ့ ကားလမ်းပေါ်က မိုင်းတွေကို တပ်မတော်မှ ရှင်းလင်းပေး
- Admin
- July 9, 2023
ဇူလိုင်လ ၈ ရက်နေ့ မနက် ၁၀ နာရီခန့်တွင် ငါန်းဇွန်မြို့နယ်၊ ရွာသစ်ကျေးရွာအနီး တံတားဦး-မြင်းခြံ ကားလမ်းပေါ်တွင် အကြမ်းဖက်သမားများမှ မိုင်းထောင်ထားကြောင်း ဒေသခံများမှ သတင်းပေးပို့လာသဖြင့် သွားရောက်ရှင်းလင်းရာ […]
ဒိုက်ဦးဘူတာနှင့် ပြွန်တန်ဆာဘူတာကြားရှိ ရထားလမ်းမိုင်းထောင်ဖောက်ခွဲခံရ၍ ပျက်စီးမှုဖြစ်ပွား
- Admin
- November 14, 2023
ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း ဒိုက်ဦးဘူတာနှင့် ပြွန်တန်ဆာဘူတာကြား မိုင်တိုင်အမှတ် ၈၅/၁-၂ ကြား၊ တံတားအမှတ် (၁၁၆/A) အနီးရှိ ရထားလမ်းအား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှု ထပ်မံကျူးလွန်ခဲ့၍ ရထားလမ်းနှင့် တံတားပျက်စီးမှုများ […]