U-12 Junior Soccer World Challenge 2023 ပြိုင်ပွဲအတွက် ပဏာမ ယူ ၁၂ ကစားသမားစာရင်းထုတ်ပြန်

ဂျပန်နိုင်ငံ ချီဘားမြို့တွင် လာမည့် ဩဂုတ်လ ၂၄ ရက်မှ ၂၇ ရက်အထိ ကျင်းပပြုလုပ်မည့် (၁၁) ကြိမ်မြောက် U12 Junior Soccer World Challenge 2023 ပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်ရန် ပဏာမ မြန်မာ့လက်ရွေးစင် ယူ၁၂ ကစားသမား ၄၀ ဦး စာရင်းအား နည်းပြအဖွဲ့နှင့် ကစားသမား ရွေးချယ်ရေး အဖွဲတိုက ယနေ့ ဇူလိုင် ၂၀ ရက်တွင် ထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။

ယူ ၁၂ ကစားသမား ရွေးချယ်ရေးအဖွဲနှင့် ယူ ၁၂ နည်းပြအဖွဲ့တို့သည် ပြီးခဲ့သည့် ဇူလိုင် ၁၄ ရက်မှ ၁၇ ရက်အထိ အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည် ဇုန်(၂)ခုခွဲ၍ ကစားသမား ရွေးချယ်ပွဲများ ပြုလုပ်ခဲ့ပြီး ပဏာမစာရင်းအား ကနဦး စိစစ်ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်းလည်းသိရပါတယ်။