ရုရှားက ပင်လယ်နက်အတွင်း သင်္ဘောတွေကို သတိပေးသလို ယူကရိန်းကလည်းပြန်သတိပေး

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပင်လယ်နက်ကနေ ယူကရိန်းဆိပ်ကမ်းတွေကို ဦးတည်တဲ့ သင်္ဘောတွေဟာ စစ်ရေးပို့ဆောင်မှုတွေ လုပ်ဆောင်နေတာလို့ သတ်မှတ်မှာဖြစ်ကြောင်း သတိပေးပြီးနောက် ယူကရိန်းကလည်း အလားတူသတိပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ပင်လယ်နက်ကနေ ရုရှားဆိပ်ကမ်းကို ဦးတည်တဲ့ သင်္ဘောတွေဟာ စစ်ရေးပို့ဆောင်မှုတွေလုပ်ပေးတာလို့ ယူဆမှာဖြစ်ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၀ ရက်နေ့က သတိပေးခဲ့တာပါ။ ပင်လယ်နက်ရဲ့ အရှေ့မြောက်ဘက်ကနေ ယူကရိန်းရဲ့ Kerch-Yenikal ရေလက်ကြားအထိကို အန္တရာယ်ဇုန်အဖြစ်နဲ့ တားမြစ်ထားတယ်လို ပြောဆိုခဲ့ကြောင်းလည်းသိရပါတယ်။