Saudi Arabia သို ပထမဆုံး ရောက်ရှိလာခဲ့သည့်ရုရှား frigate စစ်သင်္ဘော

ရုရှားနိုင်ငံရေတပ်၏Admiral Gorshkovစစ်သင်္ဘောကြီး သည် Saudi Arabiaနိုင်ငံတွင် ဆိုက်ကပ်သည့် ပထမဆုံး ရုရှားစစ်သင်္ဘော ဖြစ်လာခဲ့ပါသည်။ ထိုစစ်သင်္ဘောကြီးသည် “နှစ်ရက်အကြာ အနားယူခြင်း ဆီဖြည့်ခြင်း” များပြုလုပ်မည်ဖြစ်ပြီးရုရှားနိုင်ငံသို့ပြန်လည်ထွက်ခွာလာစဥ်အစ္စလာမ့်ဆိပ်ကမ်းJeddah တွင် ခနရပ်နားထားခဲ့ကြောင်း ရုရှားသံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

ပဲ့ထိန်းဒုံးကျည်များစွာ တပ်ဆင်ထားသည့် ၁၃၅ မီတာရှည်သော frigateစစ်သင်္ဘောအမျိုးအစားသည် ဇန်နဝါရီ ၄ ရက်တွင် ရုရှားနိုင်ငံ အနောက်မြောက်ပိုင်း Murmansk မြို့မှ ခရီးရှည်ထွက်ခွာခဲ့ပြီး တောင်အာဖရိကရှိ Cape Town၊ Durban နှင့် Richards ပင်လယ်အော်တို့တွင် ရေတပ် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး အီရန်နိုင်ငံ Chabaharသို ဆက်လက်ထွက်ခွာခဲ့ပြီး နောက်ထပ် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပါတယ်ဟု Arab News မှ ဖော်ပြထားပါသည်။