Pixiu (ဖီခြူး) အကြောင်း သိကောင်းစရာ

ဖီခြူးဆိုတာ ဖုန်းရွှေသဘောတရားတွေ ပါဝင်နေတဲ့ တရုတ်ရိုးရာမင်္ဂလာ အဆင်တန်ဆာတစ်ခုဖြစ်ပါတယ်။
ဖီခြူးမှာ နိမိတ်ကောင်းမြတ်တဲ့သားရဲတွေရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ပေါင်းစည်းထားတာဖြစ်ပါတယ်ရှင်။ ဦးခေါင်းဟာ နဂါးဦးခေါင်းဖြစ်ပြီး ဖားနှုတ်သီးဟာ လာဘ်လာဘဥစ္စာရွှင်လန်းခြင်းကို ရည်ညွှန်းပါတယ်။ ဥစ္စာဓနကို စုပ်ယူနိုင်တယ်။ သူ့အမြီးကခြင်္သေ့အမြီးဖြစ်ပါတယ်။ မကောင်းတဲ့ပယောဂတွေကိုဖယ်ရှားရှင်းလင်းပေးနိုင်ပါတယ်။ ကံကိုအလောင်းအစားပြုရတဲ့ လောင်းကစားပြုလုပ်သူတွေ ဖီခြူးလက်ပတ်ဆောင်ထားသင့်ပါတယ်။ ၀တ်ဆင်ပုံတော့

၁။ ဘယ်/ညာလက်မှာပတ်နိုင်ပါတယ်။
၂။ ဖီခြူးရဲ့ခေါင်း ကို လက်သန်းဘက်ဦးတည်နေရပါမယ်။
၃။ ထုံးစံအတိုင်း ဆေးရုံ၊ သုဿာန်၊ မီးနေသည်အိမ်၊ နာရေးအိမ်မယူရပါဘူး။
၄။ ညအိပ်တဲ့အခါ၊ ရေချိုးတဲ့အခါချွတ်ထားရမယ်။ ချွတ်ထားတဲ့အခါ ဖီခြူးရဲ့ခေါင်းကို တံခါးဝဘက်လှည့်ထားရပါမယ်။
၅။ သိမ်းတဲ့အခါ သန့်ရှင်းတဲ့နေရာမှသာသိမ်းဆည်းပါ။


ကိုးကား/ ဆရာမ အေးမြတ်ကြိုင်(ကြိုင်လေး)