Mobile Legends: Bang Bang Southeast Asia Cup 2023 ပြိုင်ပွဲကြီးကို ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပမည်

အခုလာမယ့် Mobile Legends: Bang Bang Southeast Asia Cup 2023 ပြိုင်ပွဲကြီး(MSC 2023)ကို ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပပြုလုပ်သွားမှာပဲ ဖြစ်ပါတယ်။ အပြင်းထန်ဆုံး​ယှဥ်ပြိုင်မှုတွေနဲ့အတူ ဂုဏ်သိက္ခာကြီးမားတဲ့ အောင်ပွဲတွေအတွက် အရှေ့တောင်အာရှ၊ အရှေ့အလယ်ပိုင်းဒေသနဲ့ အာဖရိကမြောက်ပိုင်း၊ မြောက်အမေရိကနဲ့ တူရကီတို့မှ အသင်း (၁၂) သင်းက ယှဥ်ပြိုင်ကစားကြမှာပါ။ 🔥

အရင်ပွဲတွေနဲ့မတူပဲ ပိုမိုများပြားလာတဲ့ အရည်အချင်းအသစ်တွေက MSC 2023 ပြိုင်ပွဲကြီးကို ပိုမိုပြင်းထန်စေမှာဖြစ်သလို ဒီပြိုင်ပွဲမှာ အနိုင်ရလိုက်တာက Mobile Legends: Bang Bang ရဲ့ သမိုင်းမှာပါ မှတ်တိုင်သစ်စိုက်ထူနိုင်မှာဆိုတော့ အနှစ်သာရပြည့်ဝတဲ့ ပြိုင်ဆိုင်မှုတွေ၊ ပြီီးပြည့်စုံတဲ့ တိုက်ပွဲတွေအပြင် ဒရာမာတွေကိုလည်း မြင်တွေ့ရဖို့ ရှိနေပါတယ်။

Register ပြုလုပ်ထားတဲ့ အသင်းများကတော့ သူတို့ရဲ့အိပ်မက်ဖြစ်တဲ့ MSC 2023 ပြိုင်ပွဲမှာ ကိုယ်စားပြုခွင့်ရဖို့ လက်ရည်စစ်ပွဲ နောက်ဆုံးအဆင့်ကို ဒီနေ့ယှဥ်ပြိုင်ကစားသွားကြမှာပဲဖြစ်ပါတယ်။

ဒီလက်ရည်စစ်အဆင့်ကနေ တက်ရောက်လာမယ့် (၄) သင်းက တိုက်ရိုက်ဖိတ်ခေါ်ထားတဲ့ (၄) သင်းနဲ့ အုပ်စုအဆင့်မှ စတင်၍ ကစားသွားရမှာပါ။

ဘယ်အသင်းတွေက နောက်တစ်ဆင့်တက်သွားမလဲဆိုတာ ရင်ခုန်စွာနဲ့ စောင့်မျှော်အားပေးလိုက်ကြရအောင်။

ပိုပြီးပြည့်စုံတဲ့အချက်အလက်တွေအတွက် Discord Channel ကို Join ထားလိုက်ပါ။

📌 Discord Channel Link: https://discord.gg/U7TQHGtZqW