Buffer Zone နှင့် ပဒက်နိဂုံး

*************************
KIA သောင်းကျန်းသူအဖွဲ့က
သူ့ကချင်လူမျိုးတွေနေတဲ့ နယ်မြေထဲမှာ
တိုက်ပွဲတွေ မဖြစ်ချင်လို့ စစ်ကိုင်းတိုင်းကို
Buffer Zone လုပ်ပြီး ရိုးသားတဲ့ အညာသား
တွေကို လက်နက်တွေတပ်ဆင်ပေးခဲ့တယ် ..

အယုံလွယ်ပြီး Pubg လောက်ဆော့ဖူးတဲ့
အညာသားတွေက မြောက်ကြွမြောက်ကြွနဲ့
လိုက်လုပ်တယ် .. အိမ်ကြက်အချင်းချင်း
အိုးမဲသုတ်ခွပ်ခိုင်းနေတာပါပဲ ..
ဒီတော့အညာဒေသက မြို့ရွာတွေ
ထိခိုက်ဆုံးရှုံးမှုတွေ ရှိခဲ့တယ် …

အခုဆိုရင် KIA ရဲ့လုပ်ရပ်တွေကို
နားလည်သဘောပေါက်ပြီး အေးချမ်းစွာနေလိုတဲ့
အညာသားပြည်သူတွေက KIA+PDF တွေရှိတဲ့
နေရာတွေကို သတင်းတွေအတိ အကျပေးလာလို့
အကြမ်းဖက်စခန်းတွေ စီးနင်းတိုက်ခိုက်ခြင်းကို
နေ့စဉ်နဲ့အမျှ ခံလာကြရတယ် ..

ဆိုလိုတာက စစ်ကိုင်းတိုင်းက pdf တွေ
နေဝင်ချိန်ကို ရောက် လာခဲ့ပါပြီ ..
ထိခိုက်ကျဆုံးမှုတွေက နေ့စဉ်အများအပြားရှိသလို
Casualty ကလည်း သိပ်များတယ် ..

တစ်နေ့ကဆိုရင်
စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့
ဝက်လက်နဲ့ တန့်ဆည်ဒေသလေးမှာတောင်
pdf တွေ အနည်းဆုံး ၁၃ ယောက်လောက်
ကျဆုံးသွားပြီး ဒဏ်ရာရရှိသူ ၄၀ ကျော်လောက်ရှိတယ် ..
လက်နက်/ခဲယမ်းတွေလည်း ဆုံး ရှုံးသွားခဲ့တယ် ..
ထိခိုက်ဒဏ်ရာရသူတွေကလည်း ဘယ်မှာ ဆေးကု
ရမှန်းမသိ၊ ဘယ်သူကမှလည်း ဆေးမကုပေးရဲတဲ့
အတွက် pdf ဒေါက်တာရမ်းကုတွေကြောင့်
မျက်စိမှိတ်ဖို့ ၉၀% လောက်သေချာနေပါတယ် ..

နောက်ဆုံးမှာတော့ အကြမ်းဖက်သမားတွေရဲ့
လားရာလမ်းကတော့ မရှုမလှနဲ့ ဘဝနိဂုံးကံပတ်
အဆုံးသတ်သွားကြရမယ်ဆိုတာ မြေကြီးလက်ခတ်
မလွဲဘဲ ဖြစ်တယ်ဆိုတာ .. သိထားဖို့လိုတယ်။

crd; kt