KTLA ဆင်ဖြူစစ်ကြောင်း၏ မုဒိမ်းမှု ဖော်ထုတ်ခဲ့သည့် အမျိုးသမီးတစ်ဦး လုပ်ကြံသတ်ဖြတ်ခံရ

ဘိုမြရဲ့သား စောနယ်ဒါးမြရဲ့ကော်သူးလေအာမီ(KTLA) လက်အောက်ခံ ဗိုလ်စလုံး ဦးဆောင်တဲ့ ဆင်ဖြူစစ်ကြောင်းရဲ့ မုဒိန်းမှုနဲ့ ပတ်သက်ပြီး ဖော်ထုတ်ခဲ့တဲ့ မေမြတ်နိုးဆိုသူ အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံရတဲ့ ပုံတွေ၊ ရုပ်သံတွေ၊ လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။

PDF တစ်ဦးဖြစ်တဲ့ အားမာန်ဆိုသူအကောင့်ပိုင်ရှင်သုံးစွဲနေတဲ့ Facebook မှာ မေမြတ်နိုးဆိုသူ PDF အမျိုးသမီးက စလုံးရဲ့ ဆင်ဖြူစစ်ကြောင်းမှာဖြစ်နေတဲ့ မုဒိမ်းမှုကို စလုံးရဲ့ ဇနီးဖြစ်သူနဲ့ ငြင်းခုန်နေတာလည်း ရုပ်သံမှာတွေ့ရပြီး စလုံးရဲ့မိန်းမကလည်း မေမြတ်နိုးဆိုသူအမျိုးသမီးကို မုဒိမ်းမှုအကြောင်းပြောလို့ သတ်ဖြတ်မယ်ခြိမ်းခြောက်နေတာကို တွေ့မြင်ရပါတယ်။

​ဒီဖြစ်စဥ်မှာဆို ဒီဇင်ဘာ ၁၆ ရက်မှာ ကရင်ပြည်နယ် တပ်မဟာ ၇ နယ်မြေက လှိုင်းဘွဲ့မြို့ အမှတ်(က) ရပ်ကွက် ပိုင်ကျုံလမ်းမှာ လုပ်ကြံခံရသူ ‌မမေမြတ်နိုး နေထိုင်ရာနေအိမ်ကို အဖွဲ့အစည်းတစ်ခုက Vigo ကား ၇ စီးနဲ့ ရောက်ရှိလာပြီး ည ၁၁ နာရီဝန်းကျင်မှာ မမေမြတ်နိုး တယောက် လုပ်ကြံခံလိုက်ရတာ၊ မမေမြတ်နိုးကို မလုပ်ကြံခင် နည်းမျိုးစုံနဲ့ နှိပ်စက်ပြီးမှ လုပ်ကြံခဲ့တာနဲ့ပက်သက်ပြီး လှိုင်းဘွဲ့မြို့ အမှတ် (က) ရပ်ကွက် ပိုင်ကျုံလမ်းဟာ တပ်မဟာ ၇ KNU နယ်မြေ ဖြစ်တဲ့အတွက် တာဝန်ရှိသူတွေက အမှုမှန်ဖော်ထုတ်ပေးဖို့တောင်းဆိုတာလည်း တွေ့ရပါတယ်။

ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ ကော်သူးလေအာမီရော၊ ဆင်ဖြူစစ်ကြောင်းကပါ တစ်စုံတစ်ရာငြင်းဆန်တာ၊ ထုတ်ပြန်တာမရှိသလို ဆင်ဖြူစစ်ကြောင်းက PDF အမျိုးသမီးတွေ မုဒိမ်းကျင့်ခံနေရတာနဲ့ပတ်သက်ပြီးလည်း ဖြေရှင်းလာတာ မရှိသေးပါဘူး။