KNDO အထူးကွန်မန်ဒိုတပ်ရင်းက PDF တွေအစုလိုက် ထိုင်းဘက်သို့ ထွက်ပြေးနေကြပြီ

ကရင်ပြည်နယ်ရှိ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သည့် KNDO ကွပ်ကဲမှုအောက်

ဗိုလ်စလုံးရဲ့ အထူးကွန်မန်ဒိုတပ်ရင်းကလူတွေ အစုလိုက်ထွက်ပြေးနေတယ်လို့ ဗိုလ်စလုံးကိုယ်တိုင်

Social မီဒီယာကနေ ပြောကြားလာခဲ့ပါတယ်…

KNDO/PDF အကြမ်းဖက်များအနေဖြင့် တပ်မတော်ရဲ့ ထိုးစစ်အရှိန်မြင့်မားလာသည်နှင့်အမျှ

ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်ရှောင်မှုများဟာ တဖြည်းဖြည်းပိုမိုများပြားလာနေကြတာပဲဖြစ်ပါတယ်..

ထွက်ပြေးလို့ ပြန်လည်ဖမ်းဆီးရမိသူများထဲမှာ စီစစ်ပြီး..တစ်ချို့ကိုလည်း သတ်ဖြတ်လိုက်တယ်လို့လည်းသိရှိရပါတယ်။

တစ်ချို့ကိုလည်း ဖမ်းဆီးပြီး အချုပ်ထဲထည့်ကာ စောင့်ကြည့်နေတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။

ဒီလိုလုပ်ရပ်များကို ပြင်ပကိုပေါက်ကြားမှု မရှိဖို့လည်း အမိန့်ပေးဆောင်ရွက်နေပါတယ်။ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ပြစ်မှုကျူးလွန်ခြင်းမရှိသည့် အလင်းဝင် PDF များကိုလည်းမိဘ/ဆွေမျိုးများထံ ပြန်လည်အပ်နှံခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိနေပြီး မိဘပြည်သူများအနေဖြင့်လည်း PDF ထဲတွင်ရောက်ရှိနေသည့် ဆွေးမျိုးသားချင်းများရှိပါကလည်း နီးစပ်ရာ တပ်/ဌာနများဖြင့် ချိတ်ဆက်ပြီး အလင်းဝင်ရောက်နိုင်ကြောင်း အသိပေးအပ်လိုက်ပါတယ်။