KIA အဖွဲ့ဝင်တစ်ဦးအား အသေဖမ်းဆီးရမိ

ဒီဇင်ဘာလ ၂၆ ရက် နေ့လည် ၁ နာရီခန့် ကသာမြို့တွင် နယ်မြေလုံခြုံရေးတာဝန် ထမ်းဆောင်နေသော လုံခြုံရေးတပ်ဖွဲ့များသည် မြို့ဝင်စုပေါင်းဂိတ်တွင် မသင်္ကာဖွယ်လူတစ်ဦးအား ခေါ်ယူစစ်ဆေးစဉ် အစစ်ဆေးမခံဘဲ ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ-

-အကြမ်းဖက် pdf ၁ လောင်း
-အိုင်ကွန် ၁ လုံး
-ဖုန်း ၂ လုံး
-KIA လက်မောင်းဘက်တံဆိပ် ၁ ခု
-ဆိုင်ကယ် ၁ စီး တို့အား သိမ်းဆည်းရမိကြောင်း သိရပါတယ်။