FAB-3000M-54 ယမ်းအားပြင်းဗုံးများ ရုရှားပြန်လည်ထုတ်လုပ်

ရုရှားဖက်ဒရေးရှင်းနိုင်ငံက FAB-3000M-54 ယမ်းအားပြင်းဗုံးများ ထုတ်လုပ်မှုပြန်လည်စတင်ပြီဖြစ်ကြောင်းသိရပါတယ်။

အဆိုပါဗုံးများဟာ အလေးချိန် 3067 kg ရှိပြီး TNT ယမ်းတစ်တန်ကျော်ပါဝင်ကာ ပေ ၃၀၀၀၀ အမြင့်မှကျဲချလျင် တစ်နာရီကီလိုမီတာ ၁၂၀၀ အမြန်နှုန်းထိရောက်ရှိနိုင်ပါတယ်။

FAB-3000M54 တွင်စနက်တံ ၃ ခုပါဝင်ပြီး နည်းပညာသစ် UMPC များတွဲဖက်ခြင်းဖြင့် ပဲ့ထိန်းဗုံးပျံအဖြစ်အသုံးပြုနိုင်မည်ဖြစ်ပါသည်။
ထိုမျှမကသေး မြေအောက် ၃၀ ပေအနက်တွင် တည်ဆောက်ထားသော ဘန်ကာများကိုပါ ချေမှုန်းနိုင်စွမ်းရှိတယ်လို့လည်းသိရပါတယ်။ #Crd