CRPH၊ NUGများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများကို လုပ်ဆောင်သူများအား အရေးယူ

Unconscious and intubated Covid-19 patients are treated in Vila Penteado Hospital's ICU, in the Brasilandia neighborhood of Sao Paulo, on June 21, 2020. According ta a study published in June 21st, Brazil's public hospitals, like Vila Penteado, had almost 40% death rates from the new coronavirus, the double from private hospitals. Brasilandia is one of the neighborhhods in Sao Paulo with highest number of deaths from Covid-19 (Photo by Gustavo Basso/NurPhoto via Getty Images)

CRPH NUG နှင့် ၎င်းတို့ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများကို လုပ်ဆောင်သူများအား ဖော်ထုတ်အရေးယူလျက်ရှိရာ-

(၁) မကွေးတိုင်းဒေသကြီး၊ မကွေး မြို့နယ်၊ အောင်စေတနာ(က)ရပ်ကွက်နေ သန့်ဇင်ထွန်းသည် ၎င်းအသုံးပြုသည့် “Thant Zin Htun” Facebook အကောင့်၊

(၂) ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေသူများဖြစ်ကြ သည့် သန့်ဇင်အောင်(ခ)အောင်လေး၊ ကောင်းဆက်တိုး(ခ)ဆံရှည်(ခ)ကောင်းကောင်း၊ သန်းခိုင်ဦး (ခ)ဘိုပု၊ ကျော်သက်(ခ)ကျော်ကြီး၊ သင်းနွယ်စိုး၊ ထွန်းမင်းဇော်(ခ)သာကျော်(ခ)ဂျိုကာနှင့် အောင်ကြည် (ခ)ရွှေငါးတို့သည် ၎င်းတို့အသုံးပြုသည့် “Aung Lay” Facebook အကောင့်၊ “Kaung Kaung” Facebook အကောင့်၊ “Than Khaing Oo” Facebook အကောင့်၊ “Kyaw Gyi” Facebook အကောင့်၊ “Thin Nwe Soe” Facebook အကောင့်၊ “Joker” Facebook အကောင့်၊ “Aung Kyi” Facebook အကောင့်၊

(၃) ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ အောင်ကိုဦး(ခ)အထစ်သည် ၎င်းအသုံးပြု သည့် “Aung Ko Oo” Facebook အကောင့်၊

(၄) သင်္ဃန်းကျွန်းမြို့နယ်နေ ပြည့်ဖြိုးကြွယ်(ခ)ကိုဖြိုး သည် ၎င်းအသုံးပြုသည့် “Ko Phyo” Facebook အကောင့်နှင့်

(၅) မကွေးတိုင်းဒေသကြီး၊ အောင်လံ မြို့နယ်၊ သရက်တောရပ်ကွက်နေ ဇော်လင်းသန်းသည် ၎င်းအသုံးပြုသည့် “Zaw Lynn Than” Facebook အကောင့်တို့သည်  အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူခြင်းများဆောင်ရွက်ခဲ့ရပါသည်။