မူဆယ်မြို့နယ်နှင့်ကွတ်ခိုင်မြို့နယ်အစပ်တိုက်ပွဲတွင် တပ်မတော်မှ အရာရှိကြီးများသေဆုံးတဲ့သတင်းအမှား

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်နှင့်ကွတ်ခိုင်မြို့နယ်အစပ်
တိုက်ပွဲတွင် တပ်မတော်မှ အရာရှိကြီးများသေဆုံးခဲ့တယ်လို Khit Thit Media Page မှ
လူမှုကွန်ရက်ပေါ်တွင် ရေးသားထားတာကို တွေ့ရှိခဲ့ပါတယ်။
ဒီသတင်းအား စိစစ်ရာတွင် >>> ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊
မူဆယ်မြို့နယ်နှင့်ကွတ်ခိုင်မြို့နယ်အစပ်တွင် ခိုအောင်းကာ ဆက်ကြေးကောက်၊ ဓားပြတိုက်ပြီး
မှောင်ခိုလုပ်ငန်းများ ကျူးလွန်နေသော KIA ရင်း (၉) စခန်းအား တပ်မတော်မှ တိုက်ခိုက်
သိမ်းပိုက်နေခြင်းဖြစ်ပြီး KIA ၁ လောင်း၊ ၄၀ မမ ဗုံးပစ်လောင်ချာ ၁ လက်နှင့် ဗုံးသီး ၅ လုံးတို့
အား သိမ်းဆည်းရရှိခဲ့ကြောင်း၊ နောက်ဆက်တွဲ သတင်းများအရ KIA+PDF များ အများအပြား
ကျဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်း များပြားနေကြောင်းနှင့် တပ်မတော်ဘက်မှ စစ်သား
၃ ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ မြေပြင်
အမှန်တွင် KIA+PDF များ အထိအခိုက်အကျအဆုံးများနေသောကြောင့် Khit Thit Media
Page မှ ဖုံးကွယ်သည့် အနေဖြင့် စကစတပ်မှ အရာရှိကြီးများလည်း သေဆုံးတယ်ဟု လိမ်ညာ
ရေးသားခြင်းသာဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။
False-News
FACT-CHECK
https://t.me/factcheckmm