Chat Box ကမေးလာတဲ့ ဆားဗစ်တန်းရဲ့ တစ်ခုချင်းစီအဓိပ္ပာယ်တွေကို တင်ပေးလိုက်ပါပြီရှင့်

အရာရှိဆားဗစ်တန်း

ပုံထဲမှာ နမူနာပြထားတာကတော့
ခြေလျင်တပ်ခွဲမှူးသင်တန်း တက်ရောက်ပြီးဖြစ်တဲ့
ဗိုလ်ကြီးအဆင့် တပ်ဆင်ရမဲ့ Service bar ပါ ..

(၁) ဆားဗစ်တန်းအပေါ်ဆုံးက နံပါတ်(၁)ကတော့
`နိုင်ငံတော်စစ်မှုထမ်းတံဆိပ်´ပါ ..
စစ်မှုထမ်းသက် ၃၆၅ ရက်(၁ နှစ်) ပြည့်ပြီးတဲ့
တပ်မတော်သားတိုင်းကို ချီးမြှင့်ပါတယ် ..

(၂) နံပါတ်(၂)ကတော့ `ပြည်သူ့စစ်တိုက်ပွဲဝင်တံဆိပ်´ပါ ..
စစ်မှုထမ်းသက် ၃၆၅ ရက်(၁ နှစ်) ပြည့်ပြီးတဲ့
တပ်မတော်သားတိုင်းကို ချီးမြှင့်ပါတယ် ..

(၃) နံပါတ်(၃)ကတော့ `စစ်မှုထမ်းသက်တံဆိပ်´ပါ ..
ပုံထဲက နမူနာကတော့ စစ်မှုထမ်းသက် (၁၅)နှစ်ပြည့်ပြီးတဲ့
တပ်မတော်သားတိုင်း တပ်ဆင်ရမယ့် တံဆိပ်ပါ ..
တံဆိပ်ရဲ့ ဘယ်ဘက်က အဖြူတန်း(၁)တန်းဟာ
စစ်မှုထမ်းသက် (၅)နှစ်ကို ကိုယ်စားပြုပါတယ် ..

(၄) နံပါတ်(၄)ကတော့ `ရွှေလင်းယုန်တိုက်ပွဲတံဆိပ်´ပါ ..
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရွှေလင်းယုန်စစ်ဆင်ရေးမှာ
တိုင်းပြည်အတွက် အသက်ပေးလှူခဲ့တဲ့၊
တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ တပ်မတော်သားတွေအတွက်
ဂုဏ်ပြုထားတာပါ ..

(၅) နံပါတ်(၅)ကတော့ `လောက်ကိုင်တိုက်ပွဲတံဆိပ်´ပါ ..
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ ပြည်တော်သာစစ်ဆင်ရေးမှာ
တိုင်းပြည်အတွက် အသက်ပေးလှူခဲ့တဲ့၊
တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ တပ်မတော်သားတွေအတွက်
ဂုဏ်ပြုထားတာပါ ..

(၆) နံပါတ်(၆)ကတော့ `ခြေလျင်တပ်ခွဲမှူးသင်တန်းတံဆိပ်´ပါ ..
ခြေလျင်တပ်ခွဲမှူးသင်တန်းကို တက်ရောက်ပြီးဖြစ်တဲ့
အရာရှိများ တပ်ဆင်ရပါတယ် ..

(၇) နံပါတ်(၇)ကတော့ `ခြေလျင်တပ်စုမှူးသင်တန်းတံဆိပ်´ပါ ..
ခြေလျင်တပ်စုမှူးသင်တန်းကို တက်ရောက်ပြီးဖြစ်တဲ့
အရာရှိများ တပ်ဆင်ရပါတယ် ..

အသစ်တိုးလာတာကတော့ (၄-ရွှေလင်းယုန်တိုက်ပွဲတံဆိပ်) နဲ့
(၅-လောက်ကိုင်တိုက်ပွဲတံဆိပ်) တို့ပါ ..

အခြားအဆင့်စစ်သည်များအတွက်တော့
နံပါတ်(၆)နဲ့ (၇)နေရာမှာ
အကြပ်လောင်းသင်တန်းတံဆိပ်၊ အရာခံဗိုလ်သင်တန်းတံဆိပ်
အစရှိသည်တို့ကို တပ်ဆင်နိုင်ပါတယ် ..

အခြားအဆင့်စစ်သည်ဆားဗစ်တန်း

ဆားဗစ်တန်းအပေါ်ဆုံးက နံပါတ်(၁)ကတော့
`နိုင်ငံတော်စစ်မှုထမ်းတံဆိပ်´ပါ ..
စစ်မှုထမ်းသက် ၃၆၅ ရက်(၁ နှစ်) ပြည့်ပြီးတဲ့
တပ်မတော်သားတိုင်းကို ချီးမြှင့်ပါတယ် ..

နံပါတ်(၂)ကတော့ `ပြည်သူ့စစ်တိုက်ပွဲဝင်တံဆိပ်´ပါ ..
စစ်မှုထမ်းသက် ၃၆၅ ရက်(၁ နှစ်) ပြည့်ပြီးတဲ့
တပ်မတော်သားတိုင်းကို ချီးမြှင့်ပါတယ် ..

နံပါတ်(၃)ကတော့ `စစ်မှုထမ်းသက်တံဆိပ်´ပါ ..
ပုံထဲက နမူနာကတော့ စစ်မှုထမ်းသက် (၁၅)နှစ်ပြည့်ပြီးတဲ့
တပ်မတော်သားတိုင်း တပ်ဆင်ရမယ့် တံဆိပ်ပါ ..

{မှတ်ချက် ~ တံဆိပ်ရဲ့ ဘယ်ဘက်က
အဖြူတန်း(၁)တန်းဟာစစ်မှုထမ်းသက် (၅)နှစ်ကို ကိုယ်စားပြုပါတယ် ။
အဖြူတန်း(၂)တန်းဟာ (၁)နှစ်/(၅) နှစ် မှ (၁၀) နှစ်ကို ကိုယ်စားပြုတာပါတယ်}

နံပါတ်(၄)ကတော့ `ရွှေလင်းယုန်တိုက်ပွဲတံဆိပ်´ပါ ..
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရွှေလင်းယုန်စစ်ဆင်ရေးမှာ
တိုင်းပြည်အတွက် အသက်ပေးလှူခဲ့တဲ့၊
တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ တပ်မတော်သားတွေအတွက်
ဂုဏ်ပြုထားတာပါ ..

နံပါတ်(၅)ကတော့ `လောက်ကိုင်တိုက်ပွဲတံဆိပ်´ပါ ..
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ ပြည်တော်သာစစ်ဆင်ရေးမှာ
တိုင်းပြည်အတွက် အသက်ပေးလှူခဲ့တဲ့၊
တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ တပ်မတော်သားတွေအတွက်
ဂုဏ်ပြုထားတာပါ ..

နံပါတ်(၆)ကတော့ `ခြေလျင်အရာခံဗိုလ်သင်တန်းတံဆိပ်´ပါ ..
ခြေလျင်အရာခံဗိုလ်သင်တန်းကို တက်ရောက်ပြီးဖြစ်တဲ့
ဆရာကြီး/ဗိုလ်လေးများ တပ်ဆင်ရပါတယ် ..

နံပါတ်(၇)ကတော့ `အကြပ်ကြီးသင်တန်းတံဆိပ်´ပါ ..
ခြေလျင်အကြပ်ကြီးသင်တန်းကို တက်ရောက်ပြီးဖြစ်တဲ့
ဆရာ/ဆရာကြီးများ တပ်ဆင်ရပါတယ် ….

နံပါတ်(၈)ကတော့ `အကြပ်ငယ်သင်တန်းတံဆိပ်´ပါ ..
ခြေလျင်အကြပ်ငယ်သင်တန်းကို တက်ရောက်ပြီးဖြစ်တဲ့
ဆရာများ တပ်ဆင်ရပါတယ် .