AA အဖွဲ့၏ မူးယစ်ကုန်ကူးမှုများ (၂)

အပိုင်း-၁ မှာတင်ခဲ့တဲ့ တရားခံ ခိုင်ခိုင်စံကို မှတ်မိကြမယ်ထင်တယ်။ သူ့ဖုန်းကို ယူစစ်တော့ Wechat Apk မှာ ငွေပို့/လွှဲတွေတွေ့ရပြီး ကွင်းဆက်တရားခံတွေကို လိုက်ဖမ်းရာ ၁၀-၉-၂၀၁၉ ရက်နေ့မှာ မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ လမ်း ၇၀၊ ဒဿလမ်း၊ အိမ်အမှတ် (က-၅/၇၇)မှာ အောင်လင်းထက်၊ မြတ်ခိုင်၊ ချမ်းငြိမ်း၊ မိုးကျော်နဲ့ ဝင်းသိန်း (၅)ဦးတို့ကို Satellite ဖုန်း အလုံး ၅၀၊ မှန်ပြောင်း ၃၀ ခု၊ GPS ၂၅ လုံး၊ ယမ်းထုပ် ၂၈ ထုပ်၊ ဒီတိုနေတာ ၁၀၀၀ ခု၊ ယမ်းဖြူ ဆာလာအိတ် ၅ အိတ်တို့နဲ့အတူ ထပ်မံဖမ်းဆီးနိုင်ခဲ့။

အလားတူ အဲဒီနေ့မှာပဲ ရန်ကုန်တိုင်း၊ ကမာရွတ်မြိုနယ်၊ ၄ ရပ်ကွက်၊ ကွမ်းခြံဈေးလမ်း၊ အိမ်အမှတ် (၄/၂၆) မှာ တရားခံ ဒေါ်ရင်ရင်ဝင်းကို မူးယစ်ဆေးဝါးရောင်းချ ငွေလွှဲဘောင်ချာများနဲ့အတူ ထပ်မံဖမ်းမိခဲ့။

ဖမ်းမိတရားခံများရဲ့ ဖြောင့်ချက်အရ ၁၄ ရက်နေ့မှာ AA သောင်းကျန်းသူအဖွဲ့မှ ဖက်တီးနှင့် မောင်မောင်အေးတို့ နေထိုင်သော မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဈ ရပ်ကွက်၊ ရွှေလှံဗိုလ်လမ်းရှိ ဂိုဒေါင်အတွင်းမှ မိုင်းပြုလုပ်ရန် သိုလှောင်ထားတဲ့ အမိုနီယံနိုက်ထရိတ် ၁၀ အိတ် တို့ကို သိမ်းဆည်းရမိပြီး တရားခံများမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့။

ဇာတ်ပေါင်းသော်

တရားခံ အောင်လင်းထက် မှာ AA အဖွဲ့မှ ဒုအရာခံဗိုလ်အဆင့်ဖြစ်ပြီး လိုင်ဇာ၌ AA အကြမ်းဖက် သောင်းကျန်းသူသင်တန်း အမှတ်စဉ် (၂၂)ဆင်းဖြစ်။

တရားခံ မြတ်ခိုင် မှာ AA အဖွဲမှ ဒုတပ်ကြပ်အဆင့်ဖြစ်ပြီး လိုင်ဇာ၌ AA အကြမ်းဖက် သောင်းကျန်းသူသင်တန်း အမှတ်စဉ် (၃၅)ဆင်းဖြစ်ကာ ဇာတိမှာ မြောက်ဦးမြို့ဖြစ်။

တရားခံ ချမ်းငြိမ်း မှာ AA အဖွဲမှ ဒုတပ်ကြပ်အဆင့်ဖြစ်ပြီး လိုင်ဇာ၌ AA အကြမ်းဖက် သောင်းကျန်းသူသင်တန်း အမှတ်စဉ် (၃၄)ဆင်းဖြစ်ကာ မင်းပြားမြို့ ဇာတိဖြစ်။

တရားခံ ဝင်းသိန်း မှာ ကျောက်ပွဲစားဖြစ်ပြီး ကျောက်တော်ဇာတိဖြစ်ကာ မူဆယ်မှ Electronic ဆက်သွယ်ရေးပစ္စည်းများ၊ စိတ်ကြွဆေးပြားများကို ဝယ်ယူပြီး ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့သို့ (၁၄)ကြိမ် ပိုဆောင်ခဲ့ကြောင်း စစ်ဆေးဖော်ထုတ် တွေ့ရှိရပါတယ်။

ဆိုချင်တာကတော့ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲအနေနဲ့ မူးယစ်ဆေးဝါးရောင်းချငွေနဲ့ ရပ်တည်နေရ တာပါ။ မူးယစ်ဆေးတွေကို ရခိုင်တိုင်းရင်းသားလူငယ်တွေနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ရောင်းချဖို့ ရည်ရွယ်ပါတယ်။ ဒါကို ခိုင်သုခတိုက ငြင်းချင်နေလို့ Fact Data အတိအကျနဲ့ ဖော်ပြခြင်းသာ။ ၂၀၁၉ ခုနှစ်အတွင်းပဲ ရှိသေးတယ်။ ဇေကမ္ဘာဝန်းထဲမှာ ပိုင်ရှင်မဲ့သိမ်းမိတဲ့ ထွန်းမြတ်နိုင်ရဲ့ စိတ်ကြွပစ္စည်းတွေအကြောင်း ထပ်ရေး ပါဦးမယ်။

ခိုင်သုခအနေနဲ့ ငါ့အမည်မပါလို့ စိတ်အေးမယ် မကြံနဲ့။ မင်းနဲ့ ပတ်သက်တဲ့ မူးယစ်ဆေးတွေကို ထပ်မံ ဖော်ပြဦးမယ်။

KT