AA သောင်းကျန်းသူများရဲ့ စခန်း ၄ ခုအား တပ်မတော်က လက်နက်ခဲယမ်းများစွာနဲ့အတူ သိမ်းပိုက်ရရှိ

နိုဝင်ဘာ ၁၈ ရက်
မိုင်ဂျာယန်နယ်မြေမှ မိမိအမာခံသတင်းပေးချက်အရ
မိုးမိတ်မြို့နယ်၊ မိုးလိုနယ်မြေတဝိုက်မှာ AA သောင်းကျန်းသူအင်အား ၅၀ ဦးခန့်က ယာယီခြေကုတ်စခန်း ၄ ခုနဲ့
စခန်းချနေတယ်လို့ သိရှိရတဲ့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရန်သူ့စခန်းများအား တစ်ချိန်တည်းတပြိုင်တည်း စီးနင်းရှင်းလင်းရာ
AA သောင်းကျန်းသူများ ဆုတ်ခွာထွက်ပြေးသွားသဖြင့် စခန်း (၄) ခုအား သိမ်းပိုက်ရရှိခဲ့။
စခန်းကုန်း(၄)ခုမှ သိမ်းဆည်းရမိစုစုပေါင်းမှာ-
-Type – 81 သေနတ် (၇၈) လက်။
-ကျည်အိမ် (၂၉၉) ခု။
-ကျည်ဆန် (၉၃,၀၀၀) တောင့်။
-ရှော့တိုက်မိုင်း (၂၀) လုံး။
-လျှပ်စစ်ဒီတိုနေတာ (၂၃) ခု။
-Remote Card (၂၄) ခု။
-ဘတ္ထရီခြောက် (၁၆) ခု။
-Equipment – ရင်သိုင်း (၂၀) စုံ။
-လွယ်ကြိုး (၃၀) ချောင်း။
-ဆိုင်ကယ်မျိုးစုံ (၂၁) စီး။
-တဲမျိုးစုံ (၁၂) လုံး။
-ပစ်ကျင်း (၁၈) ကျင်းတို့အား သိမ်းပိုက်ရရှိခဲ့ပြီး တပ်မတော်ဘက်က ထိခိုက်မှုမရှိခဲ့ဟု သိရှိရပါတယ်…