AAတို့နဲ့တိုက်တဲ့ပွဲတိုင်း အပြတ်အသတ် ချေမှုန်းအနိုင်ယူခဲ့သူ သီဟသူရအေးမင်းအောင်

ရန်သူပြည်ဖျက် အေအေတို့က
အဆမတန်တဲ့ အင်အားအလုံးအရင်းနဲ့
သူ့တပ်ကို အပြီးဖြိုဖို့ အတင်းဝင်လုံးတာကို
သူ့စစ်သည်တွေနဲ့ ညီညွတ်စွာ အနီးကပ်
သူသေကိုယ်သေရင်ဆိုင် တိုက်ခိုက်ခဲ့တယ် ….
ဗုဒ္ဓေါရွာအနီး တိုက်ပွဲဟာဆိုရင်
သူနဲ့ သူ့စစ်သည်တွေ ၅ ရက်ကျော် အစာငတ်ခံပြီး
ရန်သူ့ ဦးတည်ချက်ကို ချိုးဖျက်ခါ ရန်သူ့
တပ်မှူးနဲ့ ရင်ဆိုင်ထိုးခုတ်ပြီး မိမိစစ်သည်တွေရဲ့
အသက်ကို ကယ်တင်နိုင်ခဲ့သူ …
ရန်သူနဲ့ အနီးကပ် လုံးထွေးလွန်းလို့
အမြဲသတိပေးနေခဲ့ရသူ …

အနီးကပ်တိုက်ပွဲတိုင်းမှာ
လေကြောင်းပစ်ကူနဲ့ လနက ပစ်ကူ ‌
မြေပုံညွှန်းကိုပေးရာမှာလည်း မိမိတည်နေရာနဲ့
ရန်သူ့တည်နေရာ အတူတူပဲ ဆိုပြီး
‌ခြောက်လုံးထိုးတည်နေရာ ပေးဝံ့သူ
အေးမင်းအောင်ဟေ့ ဆိုရင်
ရန်သူ‌အေအေတို့ ရှောင်ရလောက်အောင်
လက်စွမ်းပြခဲ့သူ …
သာလွန်အင်အားနဲ့ အတင်းလုံးထွေးလာတဲ့
ရန်သူကို မိမိနဲ့အတူ သေရွာခေါ်ဖို့ ဆုံးဖြတ်ခဲ့သူ …
သူ့ ဖခင်ဟာ
တပ်မတော်ကြည်း OTS 57 မှ
ဒုမှူးကြီးအောင်သိန်းဖြစ်ပြီး
ဖခင်ထက် လက်ဇောင်းထက်အောင်
ရဲဝံ့စွန့်စားခဲ့သူ ….

ရန်သူ့ခေါင်းပေါင်းတွေဆိုရင်
ကိုယ်တိုင် ရင်ဆိုင်တိုက်ခိုက်
အနိုင်ယူလေ့ရှိသူ …
သူ အနောက်တံခါးမှူးအဖြစ်နဲ့
ရခိုင်အနောက်ဘက်မှာတာဝန်ထမ်းဆောင်နေဆဲမို့
မြန်မာပြည် အနောက်တံခါးအတွက်
ခင်ဗျားတို့ ကျုပ်တို့နဲ့အတူ
ရခိုင်ပြည်သူတွေ ခေါင်းပြားအောင်
စိတ်ချ လက်ချ အိပ်နေကြရမှာဖြစ်ပါကြောင်း
ရေးသား အားပေးလိုက်ပါရစေချစ်မိတ်ဆွေ။