ယူကရိန်းက ရုရှားနှင့်ဆွေးနွေးရန်ဆန္ဒရှိမှု NATO အဖွဲ့အတွင်း သဘောထားကွဲလွဲမှုများရှိ

ယူကရိန်းသမ္မတဇီလန်စကီက ရုရှားအစိုးရနှင့်တွေ့ဆုံဆွေးနွေးရန်ဆန္ဒရှိနေမှုသည် NATO အဖွဲ့အတွင်း သဘောထားကွဲလွဲမှုကို ပေါ်လွင်စေပါတယ်။

နောက်ဆုံးတော့ မျှော်လင့်ထားသလိုဖြစ်လာခဲ့ပါပြီ။   လွန်ခဲ့တဲ့ရက်များစွာ ကတည်းက ယူကရိန်းအနေနဲ့  ရုရှားနဲ့ တွေ့ဆုံဆွေးနွေးဖို့ အမေရိကန်က တိုက်တွန်းခဲ့တဲ့အကြောင်း အမေရိကန်မီဒီယာများက ဖော်ပြခဲ့ အပြီးမှာ ရလဒ်က ထွက်ပေါ်လာခဲ့ပါပြီ။ ယူကရိန်းသမ္မတဇီလန်စကီကလည်း ရုရှားနဲ့ဆွေးနွေးဖို့ လမ်းဖွင့်ထားကြောင်း၊ ဒီအတွက်  သတ်မှတ်ချက်များကိုလည်း ချမှတ်ထားကြောင်း ပြောလာပါတယ်။ အခုလို မျိုးထုတ်ပြန်ချက်  ထွက်ပေါ်လာခြင်းက ယူကရိန်းရဲ့ ရှေ့တန်းကျကျ အခြေအနေကို ဖော်ပြနေရုံသာမက NATO အဖွဲ့အစည်းအတွင်း သဘောထားကွဲလွဲမှုဖြစ်ပေါ်နေပြီလားဆိုတဲ့ အခြေအနေကိုလည်း ပေါ်လွင် လာစေပါတယ်ဟု Cumhuriyet  သတင်းစာမှ ပင်တိုင်ဆောင်းပါးရှင်  ဘဲရစ်ဒိုစတာက ရေးသားထားသားထားပါတယ်။

ဒီအချက်က အမေရိကန်သည်  ၎င်း၏မဟာမိတ်များအပေါ်   ယခင်ကကဲ့သို့ လွှမ်းမိုးမှု မရှိတော့ကြောင်း၊ ၎င်း၏ ရန်ဘက်များနှင့် ပြိုင်ဘက်များကို ထိန်းချုပ်ရန်လည်း မစွမ်းသာတော့ကြောင်း၊ ရုရှား-ယူကရိန်းပဋိပက္ခက ထိုအချက်ကို မီးမောင်းထိုးပြနေကြောင်း ပေါ်လွင်စေပါတယ်။

တစ်ချိန်တည်းမှာပင် ဂျာမနီနိုင်ငံသည် အမေရိကန်၏ကန့်ကွက်မှုများရှိနေသည့်ကြားမှ ရုရှား၊ တရုတ်တို့နှင့် ဆက်ဆံရေးတိုးတက်စေရန် လိုလားနေသည်ဟုလည်း ဆောင်းပါးတွင် ဖော်ပြထားပါတယ်။

အလားတူ မြောက်ကိုရီးယားနိုင်ငံမှသည် အီရန်နိုင်ငံ၊  ဆီးရီးယားနိုင်ငံမှသည် ကျူးဘားနိုင်ငံတို့အထိပါဝင်သော နိုင်ငံ အများအပြားက အမေရိကန်ကို ဆန့်ကျင်ကြောင်း၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ကလည်း  တဖြည်းဖြည်း ကြီးမားလာကြောင်း၊ ခါးပတ်တစ်ကွင်းလမ်းတစ်ကြောင်း စီမံကိန်းက တိုးတက်မှုများ ရှိလာကြောင်း၊ ရေနံထုတ်လုပ်မှုနှင့် ပတ်သက်၍ အမေရိကန်နှင့် ဆော်ဒီတို့ကြား   ဆက်ဆံရေး တင်းမာမှုကို   လူတိုင်းသိကြောင်းနှင့် နယ်သာလန်နိုင်ငံက ရုရှားအပေါ် အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းပေးလိုက်သည့် အချက်ကိုလည်း မေ့ထား၍ရမည် မဟုတ်ကြောင်း ကိုကြည့်ခြင်းအားဖြင့် အမေရိကန် နိုင်ငံသည် ကမ္ဘာကြီးအပေါ်လွှမ်းမိုးနိုင်ရေးနှင့် စည်းမျဉ်းအသစ်များ ချမှတ်နိုင်ရေးအတွက် သြဇာအာဏာမရှိတော့ကြောင်း သိမြင်နိုင်လာနေပါပြီ။