KNU ဗဟိုက နာမည်တစ်ခုပါပဲ

KNU ဗဟိုကို ကြည့်ရတာ နာမည်တစ်ခုထက် မပိုတော့ပါဘူး…

စည်းကမ်းတွေ၊ ကန့်သတ်ချက်တွေ အမျိုးမျိုး ထုတ်နေပေမယ့် လက်အောက်က ဘယ်သူမှ လိုက်နာမှု မရှိတာကို သိရတယ်…

အရေးယူမှု တစုံတရာလည်း မတွေ့ရပါဘူး..

အရင်က အာရှလမ်းပေါ်မှာ အဖျက်အမှောက်လုပ်ငန်းတွေ၊ ကားမီးရှို့တာတွေ၊ အကြောင်းမဲ့ ပစ်ခတ်သဋ်ဖြတ်တာတွေ မလုပ်ဖို စာထုတ်ခဲ့သေးတယ်..

တစ်လမကြာပါဘူး ကားတွေ ဓာတ်ဆီလောင်းပြီး မီးရှို့လိုက်တယ်…ပြီးတော့ ကုန်သွယ်ရေးဇုန်ကို ဗုံးခွဲတယ်…ပြီးခဲ့တဲ့လက မြန်မာ-ထိုင်း

ချစ်ကြည်ရေး တံတားနားမှာ ဗုံးခွဲခဲ့တယ်…

အသေးစိတ်ကအစ အကုန်ရေးရင် အများကြီးပဲ… KNU က ကရင်ပြည်နယ်ကို ဇောက်ထိုးမိုးမျော်ဖြစ်အောင် လုပ်ချင်နေကြတဲ့ အဖွဲ့ပါ….

ငြိမ်းချမ်းရေး ဦးတည်တဲ့ PC အဖွဲ့နဲ့တော့ KNU က တခြားစီပဲ…

လူမျိုးတူ အဖွဲ့အစည်းဖြစ်တဲ့ PC က တပ်မှူးရဲ့ အိမ်ကို KNU/PDF က ဝင်ပစ်၊ မိသားစုတွေသဋ်ပြီး ပစ္စည်းတွေ အကုန်ယူခဲ့တဲ့ဖြစ်စဥ်မျိုး

လုပ်ခဲ့တာတောင် PC ကတော့ သဘောထားကြီးစွာ စာထုတ်ခဲ့တာကို မြင်တွေရပြန်တယ်…..

KNU ဗဟိုကတော့ နှုတ်ဆိတ်နေတုန်းပဲ…ပြောရရင် လက်အောက်က တပ်မဟာမှူးတွေကအစ တောခိုလာတဲ့ PDF တွေ အဆုံး နိုင်မှမနိုင်တာ…

လုပ်ချင်တာလုပ် ဖြစ်ချင်တာ ဖြစ်နေတဲ့အနေအထား ရောက်နေပြီ…

ဒီအတိုင်း လက်အောက်က KNU/PDF တွေရဲ့ အကြမ်းဖက်လုပ်ငန်းတွေကို မျက်ကွယ်ပြုထားမယ်..လစ်လျူရှုထားမယ်ဆိုရင်တော့ KNU ရဲ့ သိက္ခာက

အဖတ်ဆယ်လိုရမှာ မဟုတ်တော့ပါဘူး…

မကြာခင်မှာ KNU ဗဟိုဆိုတာ ဘာအာဏာမှ မရှိတဲ့ နာမည်ပဲရှိတဲ့အဖြစ်ရောက်သွားပြီး အောက်က ချီးဘရိန်းကောင်တွေကြောင့် KNU ဆိုတာကြီးလည်း

ပြိုကွဲသွားနိုင်တယ်လို့ မြင်မိပါတယ်…