“#ပဋ္ဌာန်းဆက်ဆိုတာ_အချိန်ကျမှဆုံဖြစ်တာပါ”

လူတွေ တစ်ဦးနဲ့တစ်ဦး
ချစ်ချစ်ခင်ခင် နေလို့ရတယ်ဆိုတာ…
၁။ အတိတ်ဘဝက အကြောင်းပဋ္ဌာန်းဆက်ရှိလို့ရယ်
၂။ လက်ရှိဘဝမှာ တစ်ဦးအကျိုးကိုတစ်ဦးက
ဆောင်နေကြလို့ရယ် …
ဒီအကြောင်း (၂) ပါးကြောင့် ဆုံနေကြရတာပါ။
ဒါကိုပဲ ပဋ္ဌာန်းဆက်ရှိလို့၊
ရေစက်ရှိလို့လို့ ပြောကြတာပါ။
တကယ်တော့ ပဋ္ဌာန်းဆက်ကို
လျှော့တွက်လို့ မရဘူး။ အချိန်မတန်သေးလို့
ရေစက်မဆုံဖြစ်ကြသေးပေမယ့်
အချိန်တန်ရင်တော့ ဘယ်မှာပဲဖြစ်ဖြစ်၊
ဘယ်သူနဲ့ပဲဖြစ်ဖြစ် ဆုံဖြစ်ကြတာပါပဲ။
အချိန်မတန်သေးလို့ကတော့…
အိမ်ချင်းကပ်နေတာတောင်
သိချင်မှ သိကြတာ မဟုတ်ဘူးလေ။
ဒါကြောင့် အကြောင်းပဋ္ဌာန်းဆက်ရှိလို့
ဆုံနေကြရတဲ့ ဘဝမှာ ဆုံနိုင်ခွင့်တွေ
တွဲလက်ဆက်နိုင်ဖို့ တစ်ဦးအကျိုးကိုတစ်ဦးက
လိုလားတဲ့ မေတ္တာဓာတ်နဲ့ အတူတွဲယှက်
ခရီးဆက်ကြဖို့ပဲ မဟုတ်လား။