ရခိုင်မျိုးချစ်အဖွဲ့(ALP) စတင်လှုပ်ရှားပြီ

***********************************
ရခိုင်လူမျိုးကောင်းစားရေးအတွက်ဟုဆိုကာ
ခေါင်းစဉ်ပြထားသော်လည်း မြေပြင်အမှန်တွင်
ရခိုင်လူမျိုးများအား စစ်ဒဏ်သင့်အောင်လုပ်ပြီး
ရခိုင်လူထုဆီကရသမျှ အခွန်ငွေနဲ့ မုတ်ဆိတ်ကို
နေရာပေးရေးသာ ဆောင်ရွက်လာသည့်
ရခိုင့်မျိုးဖျက်အဖွဲ့(AA) အားတိုက်ထုတ်ရန်နှင့်
ရခိုင်ပြည်နယ်တွင်း မြေပေါ်မြေအောက်လှုပ်ရှားမှု
မလုပ်နိုင်ရန်အတွက် ရခိုင်မျိုးချစ်အဖွဲ့(ALP)မှ
အင်အား ၃၀၀၀ ကျော်ဝင်ရောက်လာပြီး စတင်လှုပ်
ရှားနေပြီဖြစ်ကြောင်း သိရရသည်။

ရခိုင်မျိုးချစ်အဖွဲ့(ALP)အနေဖြင့် ပြည်နယ်ဖွံ့ဖြိုး
တိုးတက်မှု အမြန်ဆုံးဖြစ်လာစေရန် အစိုးရနှင့်
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်
ရွက်ခဲ့ပြီး လက်ရှိအချိန်တွင်လည်း တပ်/ရဲ
စစ်ကြောင်းများတွင် နယ်ခံအနေဖြင့်ပူးပေါင်းပါဝင်
တိုက်ခိုက်ပေးခြင်း၊ မြို့ရွာများတွင် အရပ်သားအသွင်
ဖြင့်နေ၍ ရခိုင့်မျိုးဖျက်အဖွဲ့(AA)လှုပ်ရှားမှုသတင်းများ
ရယူပေးခြင်း၊ AA အဖွဲ့ထဲစိမ့်ဝင်ကာ သတင်းများ
ဝင်ရောက်စုဆောင်းခြင်းများ လုပ်ဆောင်ပေးနေပြီ
ဖြစ်ကြောင်း သိရှိရသည်။

AA အဖွဲ့၏ ရပ်တည်ချက်အမှန်ကိုသိလာပြီး
ဖိနှိပ်အနိုင်ကျင့်မှုကို မခံနိုင်တော့သည့် ရခိုင်
လူငယ်ပညာတတ်များအနေဖြင့် AA အဖွဲ့မှ
ထွက်ပြေးခြင်း၊ စစ်တပ်၊ ရဲထံအလင်းဝင်လာခြင်း
များရှိနေပြီး ALP အဖွဲ့သို့ ဝင်ရောက်ရန် စာရင်းပေး
ထားသူ ၈၀၀၀ ခန့်ရှိကြောင်း ALP နှင့် နီးစပ်သူများ
ထံမှ သိရှိရသည်။

#MCO/ #kt