ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ သံဃာတော်များအား ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က မြစ်ကြီးနားမြို့ရှိ မင်္ဂလာသုခကျောင်းတိုက်၌ သံဃာတော် ၄၀ ပါးတို့အား ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုးအကြောရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်ကုသပေးခြင်း၊ ဓာတ်မှန်ရိုက်ကူး၍ ရောဂါရှာဖွေပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ရန်လိုအပ်သည့် သံဃာတော်များအား နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေးစသည့်ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်။
ဆက်စပ်အကြောင်းအရာများ
အပူလှိုင်းသတိပေးချက်
- အေးခင်
- April 3, 2024
အပူလှိုင်းဖြတ်မယ်လို့ သတိပေးထားတာ စပါပြီ… Southeast Asia နိုင်ငံအကုန်ပါပါတယ်။ မနက်ဖြန်၊ သဘက်ခါ၊ နောက်ရက် သုံးရက်ကတော့ အပူဆုံးဖစ်မယ်တဲ့။ အပူချိန် 35°C – 37°C […]
လှပရေးရာ (၁၂)သွယ်
- ပုည
- February 12, 2023
ကမ္ဘာတစ်ဝန်းရှိ အလှအပရေးရာ ကျွမ်းကျင်သူတွေက အကောင်းဆုံး အလှအပ နည်းလမ်းတွေကို အောက်ပါအတိုင်း ဖော်ပြခဲ့ပါတယ်။ အရွယ်မရွေး ငယ်နုနေအောင် “သင့်လက်တွေနဲ့ လည်ပင်းကို အမြဲတမ်း နေကာခရင်မ် လိမ်းပေးပါ” […]
အသည်းရောင်အသားဝါ စီပိုး- HCV
- ပုည
- October 7, 2022
အသည်းရောင်အသားဝါ စီပိုးဆိုသည်မှာ ဗိုင်းရပ်စ်ပိုး တစ်မျိုးဖြစ်ပြီး ကမ္ဘာပေါ်တွင် အဖြစ်အများဆုံး ကူးစက်ရောဂါများတွင် တစ်ခုအပါအဝင် ဖြစ်ပါတယ်။ အသည်းရောင်အသားဝါ စီပိုးကူးစက်ခံရသူ အများစုသည် နာတာရှည်အသည်းရောဂါ ဖြစ်ပွားနိုင်ပြီး နာတာရှည်အသည်းရောင်မှုကြောင့် […]