ဇန်နဝါရီလ ၄ ရက်တွင်တပ်မတော်(ရေ)မှ ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့၏ အရှေ့တောင်ဘက် ၁၃၅ မိုင်ခန့်အကွာ ပင်လယ်ပြင်၌ အလျား ၅၄ ပေ ၁၀ လက်မ၊ အနံ ၁၁ ပေ၊ ရေစူး ၄ ပေခန့်အရွယ် (သစ်သားကိုယ်ထည်) ရန်လင်း ကျော်(၄) အမည်ရှိစက်လှေအား စစ်ဆေးရှာဖွေရာ အဆိုပါစက်လှေပေါ်တွင် အောင်သိန်း(ခ)ဝတုတ်၊ တူးနိုင်၊ မောင်ဇော်နှင့် ဖိုးလပြည့် တို့ လေးဦးနှင့်အတူ တန်ဖိုးငွေ ကျပ် ၃၆.၂၅ ဘီလီယံတန်ဖိုးရှိအိုက်စ် (မက်သ်အဖက်တမင်း) ၁.၄၅ တန် ဖမ်းဆီးရမိခဲ့ပြီး ဇန်နဝါရီလ ၇ ရက်တွင် သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူစိုးကျော်(ခ) စိုးစိုးကျော်အား တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ ကမ်းနီးတံတားတို့ ဆိပ်ကမ်းတွင် ဆက်လက် ဖမ်းဆီးရမိခဲ့ကြောင်းသိရပါတယ်။
ဆက်စပ်အကြောင်းအရာများ
အမြင်မတူရင်သူပုန်လို့ သတ်မှတ်ကာ ခြိမ်းခြောက်နေသော အကြမ်းဖက် PDF များ
- Admin
- November 26, 2022
အမြင်မတူရင်..သတ်ဖို့ဝန်မလေးတဲ့ ပြည်သူကို ခြိမ်းခြောက်နေတဲ့.. အကြမ်းဖက်PDF များရဲ့ လက်မှ လွတ်မြောက်လာသူများ…
သာစည်တွင် ကျပ် ၃၀ ဘီလီယံတန်ဖိုးရှိမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
- Admin
- March 11, 2023
ရန်ကုန်မှတစ်ဆင့် ပင်လယ်ရေကြောင်း အသုံးပြု၍ ပြည်ပသို့ သယ်ဆောင်မည့် ကျပ် ၃၀ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း)များ မန္တလေးတိုင်း သာစည်မြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါတယ်
ဘုရားဖြိုတဲ့ TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချ
- အေးခင်
- January 23, 2024
TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က နမ့်ဆန်မြို့အဝင်ရှိ စေတီတစ်ဆူအား ဖြိုချဖျက်ဆီးပြီးဌာပနာထည့်သွင်းပူဇော်ထားသည့် ရတနာများအား ယူဆောင်သွားမှုနှင့်ပတ်သက်၍ အဖွဲ့အစည်းအသီးသီးမှ ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ဇန်နဝါရီလ ၂၂ ရက်နေ့တွင် သဘောထားထုတ်ပြန်ချက်များထုတ်ပြန်ခဲ့ကြောင်းသိရပါတယ်။