ငါန်းဇွန်းမြို့နယ်တွင် PDF အချင်းချင်း ဖမ်းဆီး သတ်ဖြတ်မှုဖြစ်ပွား

အောက်တိုဘာ ၅ ရက်
မန္တလေးတိုင်း၊ ငါန်းဇွန်းမြို့နယ်၊ သရက်ကန်ကျေးရွာသို့ PDF အကြမ်းဖက်အင်အား ၁၀ ဦးခန့်က လက်နက်ကိုယ်စီကိုင်ဆောင်၍ ရောက်လာပြီး
PDF အကြမ်းဖက်အဖွဲ့ဝင် ၃ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကာ မိသားစုဝင်တွေကို နေအိမ်မှာ ကြိုးတုတ်ထားခဲ့​တယ်လို့ သိရပါတယ်..
ဖမ်းဆီးခေါ်ဆောင်သွားခံရသူတွေကတော့-
ဦးကျော်လှိုင် ၅၇ နှစ်၊ ဆိတ်အငှားကျောင်း
ဦးအောင်သူမိုး ၃၃ နှစ်၊ နွားအငှားကျောင်း
ဦးသန်းထွန်း ၆၀နှစ်၊ တောင်သူတို့ဖြစ်ပါတယ်..
သေဆုံးသူတွေဟာ PDF အဖွဲ့ဝင်တွေဖြစ်ပြီး ၎င်းတို့ကို “စစ်ဆေးစရာရှိတယ်ဆိုပြီး” ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မိသားစုဝင်တွေက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပြောပြခဲ့ပါတယ်…
ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက တရားခံများ ဖမ်းဆီးရမိရေး လိုက်လံရှာဖွေခဲ့ရာ
သရက်ကန်ကျေးရွာ အရှေ့ဘက်တောင်ခြေနားမှာ ဦးကျော်လှိုင်နှင့် ဦးအောင်မိုးသူတို့ကို လက်ပြန်ကြိုးတုပ်အနေထားများဖြင့်
ဦးခေါင်းတွင် သေနတ်ဒဏ်များဖြင့် သေဆုံးနေတာကို တွေ့ရှိခဲ့ရပြီး ဦးသန်းထွန်းကိုတော့ တွေ့ရှိခြင်းမရှိသေး​ဟု သိရပါတယ်…