ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို အောက်တိုဘာလ ၂၃ ရက် ညနေပိုင်းတွင် ဒဂုံမြို့နယ်ရှိ ရွှေတိဂုံစေတီတော် ရာဟုတောင့်ရှိ ချမ်းသာကြီးတန်ဆောင်း၌ ပြုလုပ်ရာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယ တိပိဋက ရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ သ စ အ ဓမ္မာစရိယ(ဝဋံသကာ)ပါဠိပါရဂူ၊ စေတိယင်္ဂဏ ပဝရ သီရိမဟာ ဓမ္မာဂုရု လှရတနာ ဆရာတော် ဘဒ္ဒန္တနာရဒါဘိဝံသ အမှူးပြုသော သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
ဆက်စပ်အကြောင်းအရာများ
မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်
- Admin
- February 17, 2023
ကုသိုလ်တရားကိုပဲ ချစ်ရမှာကိုတစ်ခြားဟာတွေ ချစ်မိနေတာ့ကိုယ့်ဘ၀တွေ ပူလောင်ပြီပေါ့ ။ ခန္ဓာနှင့်ဘ၀သံသရာကိုမုန်းရမှာကိုတစ်ခြားအရာတွေ မုန်းမိနေတော့စိတ်တွေ အရမ်းပင်ပန်းပြီပေါ့ ။ ကာမနဲ့ဘ၀ခန္ဓာရဲ့အပြစ်ကိုမြင်ရမှာကိုတစ်ခြားဟာတွေ အပြစ်မြင်နေတော့ကိုယ့်စိတ် မအေးချမ်းရဘူးပေါ့ ။ လွဲနေတာလေးတွေကိုတည့်လိုက်ရင်ကိုယ့်ဘ၀က အဆင်ပြေပါတယ် […]
မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်
- Admin
- November 18, 2022
စိတ်ချမ်းသာချင်ရင်အတွေးသန့်ရှင်းဖို့လိုပါတယ် ။ မမှီမှန်းသိလျက်နဲ့လိုချင်လိုကြံနေတဲ့အတွေးဟာလည်းကိုယ့်ဘ၀ကို ဆင်းရဲစေသလို မဟုတ်မှန်းသိလျက်နဲ့လိုက်ခံစား တွေးနေတာဟာလည်းကိုယ့်ဘ၀ကို ပင်ပန်းစေပါတယ် ။ အတွေးမှန်မှန်ထားတတ်မှအအေးဓါတ်က ကိုယ့်ဆီကျန်မှာပါ ။ မဖြစ်သင့်တဲ့အရာတွေထက်ပိုတွေးမိကြတယ်ဆိုရင်တော့အတွေးကြောင့်ပဲ ပူလောင်ရမှာပါ ။ ရတနာသုံးပါးနဲ့စပ်တဲ့အတွေးကုသိုလ်ရစေဖို့ […]
(၅၇) ကြိမ်မြောက် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုအောင်မြင်
- Admin
- July 9, 2023
ဇူလိုင်လ ၆ ရက်နေ့က အထူးကုဆေးရုံကြီး (ခုတင် ၅၀၀)ရန်ကုန်တွင် (၅၇)ကြိမ်မြောက် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှု အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကိုဗစ်ရောဂါအခြေအနေများကြောင့် ယာယီရပ်နားထားရာမှ အဆိုပါခွဲစိတ်အောင်မြင်မှုကြောင့် နိုင်ငံရပ်ခြားတွင် ခွဲစိတ်ကုသရသည့် […]