တရုတ်နိုင်ငံသားများအား လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များမှဖမ်းဆီးခေါ်ဆောင်

မန္တလေးတိုင်းဒေသကြီး၊  လူဝင်မှုကြီးကြပ်ရေးမှူး  ဦးထွန်းအောင်လှိုင်ဦးစီး ၄ ဦးသည် တရုတ်နိုင်ငံသို့ ပြည်နှင်ဆောင်ရွက်မည့် တရုတ်နိုင်ငံသား(၇)ဦးအား လားရှိုးမြို့ သို့ ပို့ဆောင်ရန်အတွက် ယာဉ်မောင်း ဦးဝင်းရွှေ မောင်းနှင်လာသည့် ချမ်းသာအောင် ယာဉ်လိုင်းဖြင့်အောက်တိုဘာလ  ၂ရက်နေ့ နံနက် ၄ နာရီခွဲ အချိန်တွင်မန္တလေးမှထွက်ခွာလာခဲ့။

 နံနက် ၁၀ နာရီခန့်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲ မြို့နယ်၊ လွယ်ခေါ်ကျေးရွာအနီး မိုင်တိုင် ၁၁၄ မိုင်၆ ဖာလုံအရောက်တွင် လက်နက်ကိုင်များမှ ကားအားရပ်တန့်ခိုင်းပြီး မော်တော်ယာဉ်နှင့်အတူ လူများပါ တောအတွင်းသို့ခေါ်ဆောင်သွားခဲ့။

လမ်းခုလတ်တွင်  ဦးထွန်းအောင်လှိုင်ဦးစီး ၄ ဦးအား ပြန်လည်စေလွှတ်ပေးခဲ့ပြီးပြည်နှင်ဆောင်ရွက်မည့် တရုတ်နိုင်ငံသား (၇) ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သဖြင့် တပ်မတော်စစ်ကြောင်းများမှ ရှာဖွေကယ်ဆယ်နိုင်ရေးအတွက် လုံခြုံရေးလုပ်ငန်းစဉ်များ ဆောင်ရွက်လျှက်ရှိကြောင်းသိရှိရပါတယ်ရှင်။