၂၀၂၃ ခုနှစ်၊ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့ စင်တင်ဘာလ ၅ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ ရန်အောင်မြင်ကြိုးဝိုင်း အကွက်အမှတ်(၁၃)အတွင်း ရန်ကုန်- မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် ၂၀၄ မိုင် ၁ ဖာလုံမှ မာရဝိဇယဘုရားအဝင်လမ်းဝဲယာ၌ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ အခမ်းအနား၌ ကံ့ကော်၊ ခရေ၊ ကျွန်း၊ ပိတောက်စသည့် သစ်မျိုးများအပါဝင် သစ်မျိုး ၁၅ မျိုး၊ အပင်ပေါင်း ၂၅၂၀ ပင်ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးခဲ့ပြီး ယခုနှစ်မိုးရာသီတွင် နိုင်ငံပိုင်သစ်တောစိုက်ခင်းများအပါအဝင် သစ်ပင်ပေါင်း ၂၄ ဒသမ ၆၂၉ သန်း စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။၊
ဆက်စပ်အကြောင်းအရာများ
နေပြည်တော်တွင် EV Charging Station ယနေ့စတင်ဖွင့်လှစ်
- Admin
- March 4, 2023
နေပြည်တော်၊ဇမ္ဗူသီရိမြို့၊ သပြေကုန်းဈေးနားရှိ EV Charging Station ကို ယနေ့မနက်တွင်စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရှိရပါတယ်။ ကုမ္ပဏီနှစ်ခုမှ အိမ်စီးလျှပ်စစ်ယာဉ်အစီး ၄၀ တင်သွင်းထားပြီး ယင်းမှ ရန်ကုန်လေဆိပ်တွင် ၁၀ […]
မာရဝိဇယရုပ်ပွားတော်မြတ်ကြီးတွင် နေ့ညမပြတ်ဘုရားဖူးများဖြင့် စည်ကားနေ
- အေးခင်
- August 12, 2023
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို အနယ်နယ်အရပ်မှ ရဟန်းရှင်လူပြည်သူများဟာ နေ့ညမပြတ် လာရောက်ဖူးမြှော်ကြတဲ့ပုံရိပ်တွေကို ကုသိုလ်စိတ်လေးတွေပွားများရအောင် ဖော်ပြပေးလိုက်ပါတယ်နော် မြန်မာမှာသာမက ကမ္ဘာမှာပါ အကြီးဆုံးဖြစ်တဲ့ ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို အကြောင်းအမျိုးအမျိုးကြောင့် လာရောက်ဖူးမျှော်ရန် အဆင်မပြေတဲ့သူများအတွက်လည်း Online […]
ရွှေတိဂုံစေတီတော်ကြီး ၅နှစ်တစ်ကြိမ် ရွှေသင်္ကန်းကပ်တာကြောင့် ယခုနှစ် ရွှေသင်္ကန်းအသစ်ကပ်ဖို့အလှူခံနေ
- ရှင်ယွန်း
- January 29, 2023
ရန်ကုန်မြို့ရဲ့ အထင်ကရ ရွှေတိဂုံစေတီတော်ကြီး နဲ့ အရံစေတီတွေကို ၅နှစ်ပြည့်တိုင်း ရွှေသင်္ကန်းလဲလှယ်ကပ်လှူရာမှာ အခုနှစ်ဟာ ၅နှစ်ပြည့်သွားပြီဖြစ်လို့ ရွှေသင်္ကန်းအသစ်ကပ်လှူရန် အလှူခံနေပြီဖြစ်ကြောင်း ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။ ရွှေတိဂုံစေတီတော်ကြီးအား ၂၀၁၈ခုနှစ်က […]