ကရင်ပြည်နယ်၀န်ကြီးချုပ်ဦးစောမြင့်ဦး၊ အရှေ့ တောင်တိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်ဇော်မင်းအောင်၊ ပြည်နယ်လုံခြုံရေး နှင့် နယ်စပ်ရေးရာ၀န်ကြီးဗိုလ်မှူးကြီးမျိုးမင်းနောင်တိုလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ကော့ကရိတ်မြို့နယ် ထိုကော်ကိုး ကျေးရွာရှိ KNU/KNLA (PC) ဌာနချုပ်သိုရောက်ရှိပြီး ၀င်းသူဇာ အရောင်းခန်းမတွင် KNU/KNLA(PC) ဌာနချုပ်အတွက် ဆန်အိတ် ၁၀၀၊ ဓါတ်မြေသြဇာအိတ် ၃၀၀နှင့် ထိုကော်ကိုး ဒေသတွင်ဖွင့်လှစ်ထားသည့်ကိုယ်ထူကိုယ်ထစာသင်ကျောင်း ၃၆ ကျောင်းအတွက် စာအုပ်၊ဘောပင် နှင့်ခဲတံ များထောက်ပံ့ပေးအပ်ရာ KNU/KNLA(PC) ဥက္ကဌ ဦးစောထော့လေးမှလက်ခံရယူခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ KNU/ KNLA (PC) ဥက္ကဌ ဦးစောထော့လေးနှင့် အဖွဲ၀င်အင်အား ၁၅၀ ခန့်တက်ရောက်ခဲ့ကြပါသည်။ ဆက်လက်ပြီး၀န်ကြီးချုပ်နှင့်အဖွဲ့သည် နဘူးတိုက်နယ်ဆေးရုံသိုရောက်ရှိပြီး ဆေးကုသမူအခြေအနေအားကြည့်ရူစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ဆက်စပ်အကြောင်းအရာများ
မေလ ၂၄ ရက်နေ့ လက်လုပ်မိုင်းတွေ့ရှိ/ပေါက်ကွဲမှုများ
- Admin
- May 24, 2023
-မေလ ၂၃ ရက်နေ့ ည ၉ နာရီ ဝန်းကျင်တွင် အင်းတော်မြို့၊ အောင်ချမ်းသာရပ်ကွက်တွင် အကြမ်းဖက် KIA/PDF များမှ ၄၀ မမဖြင့် ၃ […]
ကျိုက်ထိုတွင် KNU တပ်မဟာ (၁) မှ အကြမ်းဖက် PDF တစ်ဦး ဖမ်းဆီးရမိ
- အေးခင်
- June 3, 2023
ဇွန်လ ၂ ရက်နေ့ ည ၉ နာရီ အချိန်ခန့်က ကျိုက်ထိုမြိုတွင် KNU တပ်မဟာ (၁) လက်အောက်ခံ အကြမ်းဖက် PDF တစ်ဦးဖြစ်တဲ့ […]
ထီးလင်းမြို့နယ် တိုက်ပွဲတွင် တပ်မတော်သား ၄ ဦး သေဆုံးတယ်ဆိုတဲ့ သတင်းတု
- ရှင်ယွန်း
- March 21, 2023
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ဆေးမင်တောကျေးရွာ တိုက်ပွဲတွင် စစ်သား ၄ ဦးသေဆုံးပြီး ဂန့်ဂေါခရိုင် တပ် ရင်း ၁၇ မှ တပ်ခွဲမှူး ကျော်မင်းလွင် […]