စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာအနီး၌ တိုက်ပွဲဖြစ်ပွား

စက်တင်ဘာ ၂၅ ရက်
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာအနီး၌ PDF အကြမ်းဖက်သမားများက လူ/ယာဉ်များကို တားဆီးစစ်ဆေးခြင်းနှင့် ဆက်ကြေးကောက်ခံနေကြောင်း သတင်းအရ
တပ်မတော်စစ်ကြောင်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းစဉ် ရွာသာကြီးကျေးရွာ၏ မြောက်ဘက်သို့ အရောက် PDF အကြမ်းဖက်သမားအင်အား ၃၀ ဦးခန့်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး-
-PDF အကြမ်းဖက်သမား ၄ လောင်း
-လက်လုပ်သေနတ် ၂ လက်
-လက်လုပ်စိန်ပြောင်း ၃ လက်
-လက်လုပ်မိုင်း ၃ လုံး
-သံပိုက်လုံး ၄ ချောင်း
-သစ်သားသေနတ်ကိုယ်ထည် ၁ ခု သိမ်းဆည်းရမိခဲ့ပြီး တပ်မတော်ဘက်က ထိခိုက်မှုမရှိခဲ့ဟု သိရပါတယ်…