ရဲယိုသီးကောင်းကျိုး သိကောင်းစရာများ

ရဲယိုသီးဟာ အမြင်အားဖြင့်လည်း မလှပသလို အနံ့အရသာကလည်း ဆွဲဆောင်မှု မရှိပြန်ပါဘူး။ ဒါပေမယ့် သူ့မှာ ကျန်းမာရေးအတွက် ပေးစွမ်းနိုင်တဲ့
ကောင်းကျိုးများစွာ ရှိပါတယ်။

(၁)ကိုယ်အလေးချိန် လျှော့ချပေးတယ်
ရဲယိုသီးအရည်ရဲ့ကောင်းကျိုးတစ်ခုက ကိုယ်အလေးချိန် လျော့နည်းစေတဲ့ အာနိသင်ရှိပါတယ်။
(၂)သွေးတွင်းကိုလက်စထရော ကျဆင်းစေတယ်
(၃)ဆီးချို သွေးချို ရောဂါ ကုသမှုကို ထိရောက်စေတယ်
လေ့လာမှုတွေအရ ဆီးချို သွေးချို ရောဂါရှိသူတွေ အနေနဲ့ ရဲယိုသီးဖျော်ရည် သောက်ပေးပါက အင်ဆူလင် အာနိသင်ကို ပိုမိုကောင်းမွန်စေပါတယ်။ရဲယိုသီးထဲမှာ ပါ၀င်တဲ့ ဓာတ်ပစ္စည်းတွေက သွေးတွင်းသကြားဓာတ် မမြင့်တက်အောင် ထိန်းပေးနိုင်ပါတယ်။
(၄)အစာချေဖျက်မှုကို ကောင်းမွန်စေတယ်
ရဲယိုသီးဖျော်ရည်ထဲမှာ အမျှင်ဓာတ်များစွာ ပါ၀င်တာကြောင့် အစာချေဖျက်မှုကို ကောင်းမွန်စေပါတယ်။ ၀မ်းပျော့စေတဲ့ အာနိသင်ရှိလို့ ဝမ်းမှန်အောင် ကာကွယ်ပေးပါတယ်။
(၅)မှတ်ဉာဏ်စွမ်းအားကောင်းမွန်စေတယ်
ရဲယိုသီးထဲမှာ ဖိုက်တိုစတီရောလို့ခေါ်တဲ့ ဓာတ်တစ်မျိုး ပါ၀င်လို့ သွေးကြောထဲကို ကိုလက်စထရော စုပ်ယူမှုမရှိအောင် ကာကွယ်ပေးပါတယ်။ သွေးလှည့်ပတ်မှုကောင်းမွန်စေပြီး အောက်စီဂျင်ပမာဏကို လုံလောက်စွာ ရရှိစေပါတယ်။ ဒီအချက်က ဦးနှောက်ကို ကျန်းမာစေပြီး မှတ်ဉာဏ်စွမ်းအားနဲ့ အာရုံစူးစိုက်မှုတွေကို ပိုမိုကောင်းမွန်စေပါတယ်။
(၆)နာကျင်မှုကို သက်သာစေတယ်
ရဲယိုသီးဖျော်ရည်ထဲမှာ နာကျင်မှု နဲ့ စိတ်ခံစားမှုကောင်းစေတဲ့ ဒြပ်ပေါင်းတွေများစွာ ပါ၀င်လို့ ဓမ္မတာမလာခင် အကြိုခံစားရတတ်တဲ့ နာကျင်ကိုက်ခဲဝေဒနာ ၊ အရိုးအဆစ်ရောင်ရမ်းနာ ၊ အဆစ်အမြစ်တွေ ကိုက်ခဲတာစတဲ့ ရောင်ရမ်းနာကျင်မှု ခံစားရတဲ့ ဝေဒနာတွေကို သက်သာပျောက်ကင်းစေပါတယ်။
(၇)ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်ပေးတယ်
ရဲယိုသီးဖျော်ရည်ရဲ့ ကောင်းကျိုးတွေထဲက တစ်ခုက ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်တာပဲ ဖြစ်ပါတယ်။ ရဲယိုသီးထဲမှာ ပိုလီဆက်ခရိုက်လို့ခေါ်တဲ့ ဓာတ်တစ်မျိုး ကြွယ်ဝစွာ ပါ၀င်လို့ ကင်ဆာဆဲလ် အသစ်တွေ မထွားကျိုင်းအောင် ဟန့်တားဖိနှိပ်ပေးပါတယ်။အင်တီအောက်ဆီးဒင့် ကြွယ်ဝစွာ ပါ၀င်လို့ ခန္ဓာကိုယ်တွင် စိတ်ဖိစီးမှုကြောင့် ဖြစ်တဲ့ ဓာတ်တိုးဖြစ်စဉ်တွေကို ဟန့်တားနိုင်ပြီး ခုခံအားစနစ်ကို ကောင်းမွန်စေပါတယ်။

ရဲယိုသီးဖျော်ရည်ကို ပုံမှန်သောက်သုံးပါက ခန္တာကိုယ်တွင်း ပိုးမွှားတွေ မဝင်ရောက်နိုင်အောင်လည်း ခုခံကာကွယ်ပေးပါတယ်။

(၈)မျက်စိတိမ်စွဲတာမဖြစ်အောင် ကာကွယ်ပေးတယ်

(၉)ဓမ္မတာမလာခင် အကြိုဝေဒနာတွေကို သက်သာစေတယ်
ရဲယိုသီးကို အမျိုးသမီးတွေ ပုံမှန်စားသုံးပေးပါက လစဉ် ဓမ္မတာလာတာကို ပုံမှန်ဖြစ်စေပါတယ်။ ဒါ့အပြင် ဓမ္မတာလာချိန်မှာ ခံစားရတဲ့ နာကျင်ကိုက်ခဲမှု၊ ဓမ္မတာမလာခင် မိန်းကလေးအများစုဖြစ်တတ်တဲ့ စိတ်တို စိတ်ဆတ်တာတွေ ကို သက်သာစေပါတယ်။ဒါပေမယ့် ကိုယ်ဝန်ဆောင်တွေအတွက်တော့ မသင့်တော်ပါဘူး။
(၁၀)အနာမဖြစ်အောင်ကာကွယ်ပေးတယ်
သိပ္ပံနည်းကျ လေ့လာမှုတွေအရ ရဲယိုသီးဖျော်ရည်သောက်သုံးပါက အစာအိမ်နဲ့ အူလမ်းကြောင်းမှာ အနာမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ရဲယိုသီးဖျော်ရည်က အစာအိမ်ထဲက အက်စစ်ထွက်တာကို နည်းစေပြီး အူလမ်းကြောင်းမှာ အချွဲလွှာတစ်ထပ်အနေနဲ့ ဖုံးကာပေးထားလို့ အနာမဖြစ်ပေါ်အောင် တားဆီးပေးပါတယ်။
(၁၁)အသည်းကိုကာကွယ်ပေးတယ်
ဆီးချို သွေးချိုရှိသူတွေမှာ ဘေးထွက်ဆိုးကျိုးအနေနဲ့ အသည်းကို အဆီဖုံးစေပြီး အသည်းမှာ အမာရွတ်တွေ ဖြစ်လာစေပါတယ်။ရဲယိုသီးက သွေးတွင်းသကြားဓာတ် တည်ငြိမ်အောင် ထိန်းပေးပြီး အသည်းဆဲလ်တွေမှာ အဆီဖြစ်ပေါ်မှုကို လျော့နည်းစေပါတယ်။ ဒီနည်းနဲ့ အသည်းပျက်စီးမှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။
(၁၂)အနာအကျက်မြန်စေတယ်
(၁၃)သွေးဖိအားကို သဘာဝအတိုင်း
ပုံမှန်ဖြစ်အောင် ပြုလုပ်ပေးတယ်

(၁၄)အမြင်အာရုံ ကောင်းမွန်စေတယ်
(၁၅)စိတ်ကျန်းမာရေး ကောင်းမွန်စေတယ်
လေ့လာမှုတွေအရ ရဲယိုသီးစားပေးတာ သို့မဟုတ် ရဲယိုသီးဖျော်ရည် သောက်သုံးပေးတာက စိတ်ဖိစီးမှုနဲ့ စိုးရိမ်သောကတွေကို လျော့နည်းစေပြီး ပုံမှန်လဲ အိပ်ပျော်စေပါတယ်။
(၁၆)ခံတွင်းဝေဒနာတွေကို ပျောက်ကင်းစေတယ်
သွားဖုံးရောင်တာ ၊ လည်ချောင်းနာတာ ၊ သွားနာတာနဲ့ ခံတွင်းမှာ ဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ ဝေဒနာတွေအတွက် အကောင်းဆုံး သဘာဝဆေးတစ်လက်ပါ။ရဲယိုသီးဖျော်ရည်နဲ့ ပလုတ်ကျင်းပေးပါက ပိုးတွေကို သေစေပြီး ရောင်ရမ်းမှုကို သက်သာစေပါတယ်။ခံတွင်းဝေဒနာအတွက် နေ့စဉ်စားသုံးတာမျိုးတော့ မလိုအပ်ပါဘူး။
(၁၇)အရေပြားပြဿနာတွေကို ကုသနိုင်တယ်
ရဲယိုသီးထဲမှာ အရေပြားအတွက် အထောက်အကူပြုတဲ့ ဗီတာမင်စီ များစွာပါ၀င်ပါတယ်။နေ့စဉ် ရဲယိုသီးဖျော်ရည် သောက်ပေးပါက ၀ကခြံ၊ မှဲ့ခြောက် ၊ အမည်းစက် ၊ အရေပြားကြမ်းတာ ၊ ခြောက်သွေ့တာ စတာတွေကို သက်သာစေပါတယ်။ဒါ့အပြင် ရဲယိုသီးကို မျက်နှာပေါ် လိမ်းပေးပါက ၀ကခွှံ နဲ့ အမည်းစက်တွေကို လျော့ပါးသက်သာစေပါတယ်။
(၁၈)ဆံပင်ကျွတ်တာကို သက်သာစေတယ်
ရဲယိုသီးဖျော်ရည်က ခန္တာကိုယ်ခုခံအားကို ကောင်းစေပြီး ဆံပင်ကျွတ်တာကို သက်သာစေပါတယ်။ဦးရေပြားသွေးလှည့်ပတ်မှုကောင်းစေလို့ အာဟာရဓာတ်တွေ ဆံပင်အရင်းထိ ရောက်ရှိစေပါတယ်။
(၁၉)သန်းနဲ့ ဗောက်ဖြစ်တာတွေကို ကုသနိုင်တယ်
ဦးရေပြားမှာ ပိုးဝင်တာတွေကြောင့် သန်းတွယ်တာ ၊ ဗောက်ထတာတွေ ဖြစ်နိုင်ပါတယ်။ရဲယိုသီးက ပိုးသတ်အာနိသင် နဲ့ ဗိုင်းရပ်စ်ပိုးသတ်အာနိသင်တွေရှိလို့ သန်းနဲ့ ဗောက်တွေကို ဖယ်ရှားရှင်းလင်းပေးနိုင်ပါတယ်။
(၂၀)အရွယ်အိုမင်းမှုကို လျော့နည်းစေတယ်
ရဲယိုသီးထဲမှာ အင်တီအောက်ဆီးဒင့်တွေများစွာ ပါ၀င်လို့ ဆဲလ်တွေ တစ်သျှူးတွေနဲ့ ကိုယ်တွင်းအင်္ဂါတွေကို ဓာတ်တိုးပစ္စည်းတွေ ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေကြောင့် ထိခိုက်မှု မဖြစ်အောင်ကာကွယ်ပေးပါတယ်။ ဆီလီနီယမ်လို့ခေါ်တဲ့ ဓာတ်တစ်မျိုးလဲပါ၀င်တာကြောင့် အိုမင်းမှုကို တားဆီးပေးလို့ အရွယ်တင်နုပျို စေပါတယ်။

Credit: အာရောဂျံ health magazine-ရဲယို