သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) တွင် စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ အခြေခံသဘောတရားများကို သိရှိစေရန်၊ စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းများကို တတ်သိနားလည်ပြီး အသုံးချနိုင်စေရန်နှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်စေရန်ရည်ရွယ်၍ စွန့်ဦးတီထွင်မှုနှင့် စီးပွားရေးစီမံခန့်ခွဲမှုပညာအသိမှတ်ပြုလက်မှတ်သင်တန်း Certificate in Entrepreneurship and Business Management (Batch I) ကို ၁၂-၅-၂၀၂၂ ရက်မှ ၁၂-၈-၂၀၂၂ ရက်အထိလည်းကောင်း၊ (Batch II) ကို ၁၅-၂-၂၀၂၃ ရက်မှ ၁၅-၅-၂၀၂၃ ရက်အထိလည်းကောင်း Free Online Certificate Course အဖြစ် ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။ ယခုဆက်လက်၍ Certificate in Entrepreneurship and Business Management (Batch III) ကို Free Online Certificate Course အဖြစ် ၅-၈-၂၀၂၃ ရက်မှ ၂၂-၁၀-၂၀၂၃ ရက်အထိ အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့များတွင် နံနက် ၉ နာရီမှ ၁၂ နာရီအထိ ဖွင့်လှစ်ပို့ချ သင်ကြားသွားမည်ဖြစ်ပါ၍ သင်တန်းတက်ရောက်လိုသူများအနေဖြင့် https://forms.gle/xWXHcaHbynxYq3eZA Link မှတစ်ဆင့် Google Form တွင် ဖြည့်စွက်ပြီး ဇူလိုင် ၃၁ ရက် နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း သိရပါတယ်။
ဆက်စပ်အကြောင်းအရာများ
မင်္ဂလာပါ
- အေးခင်
- February 25, 2024
စင်္ကြာဝဠာ အနန္တ၌ ရှိကြကုန်သော လူနတ်ဗြမ္ဟာသတ္တဝါတို့ ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာကြပါစေ မြန်မာနိုင်ငံကြီး အေးချမ်းသာယာပြီး အမြန်ဆုံး ဖွံ့ဖြိုးတိုးတက်လာပါစေအားလုံး ကျန်းမာ ချမ်းသာကြပါစေပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုအချင်းချင်း စည်းလုံးညီညွတ်ပြီး ထာဝရငြိမ်းချမ်းရေးရပါစေ […]
တောင်သူလယ်သမားများအတွက် သီးနှံအာမခံစနစ်ဖော်ဆောင်ရန်စီစဉ်နေ
- ပုည
- September 24, 2023
ရာသီဥတု ပြောင်းလဲမှုများကြောင့် ဆုံးရှုံးမှုများအပေါ် အာမခံစနစ်ဖြင့် စနစ်တကျ စီမံခန့်ခွဲ ကာကွယ်ဆောင်ရွက်နိုင်ရန် တောင်သူလယ်သမားများအတွက် သီးနှံအာမခံစနစ်ဖော်ဆောင်ရန်စီစဉ်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှ သိရသည်။ ယင်းအတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းမှ […]
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ယွမ် ၁ သိန်းတန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်းများလှူဒါန်း
- အေးခင်
- May 21, 2023
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှလှူဒါန်းသည့် “မိုခါ”မုန်တိုင်းဒဏ်ခံစားခဲ့ရသည့် ဒေသများ၌အသုံးပြုရန် ယွမ် ၁ သိန်းတန်ဖိုးရှိ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်းများအား သံရုံးတာဝန်ခံ Mr. Jia Junjie က မေလ ၂၀ […]