ကန့်ဘလူမြို့နယ်၊ပြည်သူ့ဆေးရုံ၌ မိုင်းစထိမှန်ဒဏ်ရာရသူများ ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးအဖွဲမှ သွားရောက်စစ်ဆေးခဲ့ရာ နတ်ပေးကျေးရွာ၊ ကန့်ဘလူမြို့နယ်နေသူများဖြစ်သည့် ဒေါ်သန်းဝင်း(၆၁)နှစ်၊ ဦးအောင်မြတ်ခိုင်(၅၇)နှစ်နှင့် ဦးထွန်းဝင်း(၅၇) နှစ်တို့တွင် မိုင်းစဖောက်ဝင်ဒဏ်ရာတို့ဖြင့် တွေ့ရှိခဲ့ရပြီး၊ ၎င်းတို့ ၃ ဦးအား စစ်ဆေးမေးမြန်းရာ နံနက် ၆ နာရီခန့်တွင် နတ်ပေးကျေးရွာ၏ အရှေ့တောင်ဘက် ၂ ဖာလုံ ရှိ သရက်ခြံသို့ ပေါင်းရှင်းရန်သွားရောက်စဉ် သရက်ခြံအနီးအရောက်တွင် ဦးအောင်မြတ်ခိုင်ဆိုသူမှ ကြိုးတစ်ချောင်းအား ဝင်ရောက်တိုက်မိရာ လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲပြီး မိုင်းစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ဆက်စပ်အကြောင်းအရာများ
တိုက်ပွဲသတင်း
- ပုည
- October 16, 2023
ရှမ်း(မြောက်ပိုင်း) မူဆယ်မြို့နယ် နမ့်ခွန်ကျေးရွာအနီး လုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် TNLA ၂ ဦး က ပစ္စတိုဖြင့် စတင်ပစ်ခတ်ထွက်ပြေးသွားသဖြင့် ပြန်လည်ပစ်ခတ်ဖမ်းဆီးခဲ့ရာ- Colf Automatic ပစ္စတို […]
ဧပြီ ၁ ရက်မှ ၁၀ ရက်အထိ အကြမ်းဖက်သေဆုံးစာရင်း
- အေးခင်
- April 12, 2024
တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ နယ်မြေများ၌ တပ်မတော်စစ်ကြောင်းများနှင့် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ရာ ဧပြီလ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ PDF အပါအဝင် အကြမ်းဖက်သောင်းကျန်းသူ ၈၉ ဦးအားအသေဖမ်းဆီးရမိခဲ့ပြီး […]
လောင်းလုံ PDF ၂ လောင်း ၂ လက်ရရှိ
- Admin
- December 20, 2023
ယနေ့ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့တွင် မိုင်းထောင်ရန်လာရောက်သည့် အကြမ်းဖက်သမားများနှင့်ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲတွင် အကြမ်းဖက် PDF အလောင်း ၂ လောင်းနှင့် AR-15 ၂ လက်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း […]